#tabsE { float:left; width:100%; background:#000; font-size:93%; line-height:normal; } #tabsE ul { margin:0; padding:10px 10px 0 50px; list-style:none; } #tabsE li { display:inline; margin:0; padding:0; } #tabsE a { float:left; background:url("LINK OF tableftE.gif") no-repeat left top; margin:0; padding:0 0 0 4px; text-decoration:none; } #tabsE a span { float:left; display:block; background:url("LINK OF tabrightE.gif") no-repeat right top; padding:5px 15px 4px 6px; color:#FFF; } /* Commented Backslash Hack hides rule from IE5-Mac \*/ #tabsE a span {float:none;} /* End IE5-Mac hack */ #tabsE a:hover span { color:#FFF; } #tabsE a:hover { background-position:0% -42px; } #tabsE a:hover span { background-position:100% -42px; }

Sunday, 21 September 2008

ဆိုင်ဘာမှသုံးသူများ အတွက် (သို့) သူများ PC မှာ သုံးမယ်ဆိုရင်

တော်တော်များများက Gmail password hack မယ်ဆိုတာနဲ့ အရမ်းကို စိတ်ဝင်စားကြတယ်ဗျ .. ။ ဘာလို့သူများ password ကို

သိချင်ကြမှန်းမသိဘူး .. ။  ဘာမှ ကောင်းကျိုးမရှိဘူး ။ ရေးတဲ့လူတွေ ရှိတော့လည်း ပြောပြရတော့မှာပေါ့ဗျာ .. ။ ရေးကြတာကတော့

connection ကျအောင်လုပ် gtalk က password တွေ •••• အဖြစ်ပေါ်လာရင် သူတို့ပြောတဲ့ Software နဲ့ ကြည့်ပေါ့ဗျာ .. ။ အင်း ...

အဲဒီထက်ကောင်းတဲ့နည်းရှိတယ်ဗျ ... see passwoord လို့ ခေါ်တယ်။ ဒီကောင်လေးမှာ မှန်လိုပုံစံလေးပါတယ်။ password နေရာမှာ

မှန်ဘီလူး လိုကြည့်လိုက်ရင်ပေါ်ပြီပဲ။ portable လည်းရှိပါတယ်။

အဲဒါထက်ဆိုးတာ တစ်ခုရှိတယ်ဗျ ... ။ ဒီလိုဗျာ .. keylogger လို့ခေါ်တယ် .. window စတက် ကတည်းက စအလုပ်လုပ်တယ်။

ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေတယ်။ tray icon လည်းမပေါ်ဘူး။ ရှိမရှိ မသိရဘူးပေါ့ဗျာ .. ။ သူက ခင်ဗျား keyboard မှာ

ရေးလိုက်သမျှ၊ mouse နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ မှတ်ထားပေးတယ်ဗျ .. ။ အဲဒါဆို ဘာတွေ ပါသွားမလဲ တွေးကြည့်လေ .. ။ ပထမဆုံး

gtalk sign in ၀င်မယ်ဗျာ .. ။ သွားပြီ user name ရော ၊ password ရော ။ နောက်ပြီးရင် ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ်ကြားတွေပြောမယ်၊

ဒါမှမဟုတ် လုပ်ငန်းပိုင်းတွေပြောမယ်။ တစ်ချို့တွေ credit card နံပါတ်တွေ ရိုက်မယ် အကုန်ကျန်ခဲ့တာဗျ .. ။ ဘယ်လောက် ဆိုးသွားနိုင်မလဲ

တွေးကြည့်ပေါ့ .. ။ အထူးသဖြင့် ဆိုင်ဘာ ကနေ သုံးရတဲ့လူတွေ .. ။ တွေးသာကြည့်ပါတော့ဗျာ ... (All in 1 key-logger ဆိုရင်

ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါမှတ်ပေးထားနိုင်တယ်၊ သတိထားနော်.. မင်းသား/မင်းသမီးတွေပါ ဖြစ်သွားမယ် ဟဟ)

အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျနော် ပြောပြပါ့မယ်။ ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့

အသိပေးပြောပြလိုက်ပေါ့ဗျာ .. ။ တကယ်ကျန်ခဲ့တယ်ဆိုတာ အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား .. ဟဟ software ရှာပြီး

စမ်းကြည့်ပေါ့ဗျာ .. ။ ကျနော် fileden မှာ host တင်ပြီးသားကို ရှိတယ်။ ဒါပေမယ့် မပေးဘူး .. အကျိုးမရှိဘူးလေဗျာ ... ။


ကဲ ကြာပါတယ် .. ကိုရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင် .. ။ Ctrl+Shift+Esc( or)Ctrl+Atl+ Del နဲ့

Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ဗျာ ။ ရှိတယ်ဆို keylogger

သုံးထားလို့ပေါ့ ။ အမြန်သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲကကိုယ်သုံးမယ့် gtalk

လောက်ပဲအိုကေထားပြီးကျန်တာတွေကို disable  သို့မဟုတ် end process ပေးလိုက်တာပါပဲ...

ဘာလို့ဆိုရိုးရိုးယူဆာတွေအနေနဲ့ကဘယ်လိုဖိုင်လ်ကအချက်အလက်တွေကိုရီကော့လုပ်တာလဲ

ဆိုတာမသိနိုင်တော့အန္တရာယ်ကင်းဘေးရှင်းအားလုံးကို end process လုပ်ပြီးကိုယ်သုံးတဲ့ကောင်ကိုပဲ

manually ခေါ်သုံးတာအကောင်းဆုံးပါပဲ။ဒီပို့စ်လေးကို ရေးပြီးမိတ်ဆွေတို့အားလုံးကိုပို့ရတဲ့

အကြောင်းရင်းကတော့ပြီးခဲ့တဲ့တစ်ရက်ကပဲကျွန်တော့်ကိုပြည်တွင်းက မိတ်ဆွေတစ်ယောက်ကကျောက်မြောင်းထဲက

အိုကေဆိုတဲ့အင်တာနက်ဆိုင်တစ်ဆိုင်မှာနိုင်ငံရေးလှုပ်ရှားသူတစ်ယောက်ပြည်ပနဲ့ဆက်သွယ်နေတာတွေ့လို့ဆိုပြီး

အဖမ်းခံရတယ်ပြောလို့ပြည်တွင်းကတတ်ကြွလှုပ်ရှားသူတွေအနေနဲ့နည်းပညာပိုင်းအရရှောင်လို့ရတဲ့အချက်လေးတစ်ချက်

အဖြစ်နဲ့တစ်ဘက်တစ်လမ်းကနေအထောက်အကူ ဖြစ်စေချင်လို့ပါပဲ..

မိတ်ဆွေတို့ရဲ့ပြည်တွင်းအဆက်အသွယ်တွေကိုဒီပို့စ်လေးကိုဖော်ဝဒ်လုပ်ပြီးပေးဖတ်ရင်း

သူတို့ရဲ့အန္တရာယ်ကင်းရေးအတွက်အထောက်အကူပြုကြပါခင်ဗျာ။


အထက်ပါပို့စ်လေးကိုဘလော့ဂါသံလုံငယ်ရဲ့ပို့စ်ကိုပြန်မှီငြမ်းထားပါတယ်။



Read More...

Wednesday, 17 September 2008

Babylon7+Oxford Dictionary

Babylon7+Oxford Dictionary ပါ Crack ပါ ပါပါတယ်
Rar File ထဲမှာ MZ Dictionary ကော Padonma Dictionary ကောထည့်ပေးထားပါတယ်
Crack က Merriam-Webster Collegiate Dictionary & Britannica Concise Encyclopedia Dictionary တွေကိုပါ Crack လုပ်နိုင်ပါတယ် အဲ့ဒိ Dictionary တွေကတော့ မလိုအပ်ပဲ File Size ကြီးမှာဆိုးလို မထဲ့ပေးတော့ပါဘူး Add Dictionaries ကနေ Install လုပ်လိုရပါတယ်
Dictionaries အားလုံး Install လုပ်ပြီးမှ Crack ကို Run ပါ
Babylon ကိုတင်ပြီးသွားရင် မမေ့ရမှာက Update ကိုပိတ်ထားပေးပါ
http://www.adrive.com/public/11604379e36fcb9acd9757002980acc75a62a47e7a315803f3379a9e6fb8bd54.htmlယူပါ
MZ Download Center မှာ Babylon7 crack ရှိပါတယ် ဒါပေမဲ့ အခု version နဲ့သုံးလိုမရတော့ပါဘူး အဲ့ဒါကြောင့်ပြန်တင်ပေးတာပါ
Download Center မှာလဲတင်ပေးထားပါတယ်

Read More...

Thursday, 24 July 2008

Learning

http://www.engineer4myanmar.com/search/label/AutoCAD/
http://autocaddrawing.blogspot.com/

http://phawkq.blogspot.com/
http://mmhan.blogspot.com/

Read More...

Learning

To study the Auto cad

http://www.engineer4myanmar.com/search/label/AutoCAD/
http://autocaddrawing.blogspot.com/

Read More...

Tuesday, 1 July 2008

အားနာမိတာမှား.... မှား... မှား....

အများသုံး အိမ်သာတစ်ခုထဲ ၀င်ပြီး ကမုတ်ထဲထိုင်ရုံ ရှိသေးသည်။ ဟိုဖက်အိမ်သာထဲက လူက လှမ်းနှုတ်ဆက်သည်။

“ဟေ့လူ. နေကောင်းလား…”

ဒီလိုနေရာမျိုးမှာ အလ္လာပသလ္လာပ စကားပြောရတာ စိတ်မသက်မသာ ရှိလှသည်။ မကောင်းတတ်တော့လည်း ပြန်နှုတ်ဆက်ရသည်ပဲပေါ့.

“ကောင်းပါတယ်. ကျေးဇူး”

အသေအချာ အကျအနထိုင်ပြီး ကိုယ့်ကိစ္စကို ဆက်ရှင်းမည် ကြံကာရှိသေး. အလိုက်မသိတတ်သော ငနဲသားက ထပ်မေးလာပြန်သည်။

“ခင်ဗျား ဘာတွေ အလုပ်ရှုပ်နေလဲဗျ.”

ဟာ… ဒီလူတော့ ခက်ပြီ. ဘာလဲကွာ… ဒီလိုနေရာမျိုးမှာ ဒီလို ဂွတီးဂွကျမေးခွန်းတွေ လာမေးနေတာ ဘာလဲ….

စိတ်ပေါက်ပေါက်နှင့် ဘုတောပစ်လိုက်သည်။

“ခင်ဗျားလိုပဲပေါ့ဗျာ.”

ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့ စိတ်ကူးလိုက်သည်။ ဒါပေမယ့် နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာပြန်သည်။

“ကျွန်တော်လာခဲ့မယ်ဗျာ. ရမလား”

ဗုဒ္ဓေါ……. ဒီလူ ဘယ်လိုလူလဲ. ဂေးလား. ဂျော်ရကီးလား. ဘာကောင်လဲကွာ…
ဘာပဲဖြစ်ဖြစ်. ကိုယ်ကျင်လည်ကျက်စားနေရာ နေရာမဟုတ်၍ သတိတော့ ထားနေရသည်။
ထောင်းခနဲ ထွက်လာသော ဒေါသကို အသာချိုးနှိမ်လျက် အသံ ခပ်အုပ်အုပ်ဖြင့် ပြန်ဖြေလိုက်သည်။

“မလုပ်နဲ့လေဗျာ. ကျွန်တော်လည်း ဒီမှာ အလုပ်ရှုပ်နေတာ..”

ဒုန်းခနဲ တံခါးဆောင့်ပိတ်သံ ကြားလိုက်ရပြီး ဟိုဖက်က ပြန်ပြောသည်။

“နောက်မှပဲ ပြန်ဆက်တော့မယ်. ဟိုဖက်အခန်းထဲက သောက်ပေါတစ်ကောင်က ရူးသလို နှမ်းသလိုနဲ့ ငါမေးသမျှ ပြန်လိုက်ဖြေနေလို့….”

( ဘော်ဒါတွေကို ရယ်ပါစေ ဆိုပြီး ကိုရန်အောင် ရဲ့Blog မှ ကူးယူဖေါ်ပြ လိုက်ပါတယ်။)

Read More...

Saturday, 21 June 2008

Bill Gates ရဲ့မနက်ဖြန် အတွက် မျှော်လင့်ချက်

မကြာသေးမီက ဘီလ်ဂိတ်ဟာ သူ့ရဲ့ကမ္ဘာကျော်လုပ်ငန်းကြီးဖြစ်တဲ့ Microsoft ကို စိတ်ကုန်စွာနဲ့ ရောင်းထုတ်တော့မယ်လို့ ခိုင်လုံတဲ့ သတင်းရပ်ကွက်က ကြားခဲ့ရပါတယ်။ အဲဒီလို ရောင်းချင်စိတ်ပေါက်သွားရတာကတော့ Windows Operating System အသုံးပြုသူ တစ်ဦးထံမှ သူ့ထံကိုပေးပို့လိုက်တဲ့ စာတစ်စောင်ကြောင့်လို့ သိရပါတယ်။ ဒါနဲ့ ကျနော် Stanley လည်း ဘီလ်ဂိတ်ရဲ့ ရုံးခန်းထဲ ခိုးဝင်ပြီး အဲဒီစာကို ရှာဖွေရတော့တာပေါ့။ ကဲ.. မိတ်ဆွေတို့လည်း စိတ်ဝင်စားမယ်ထင်လို့ အဲဒီစာကို ကျနော် ရေးသားဖော်ပြလိုက်ရပါတယ်။

အကြောင်းအရာ။ ။ ကျနော်၏ကွန်ပျူတာအသစ်မှ ပြဿနာများ

လေးစားအပ်ပါသော မစ္စတာဘီလ်ဂိတ်ခင်ဗျား..

ကျနော်ဟာ အိမ်တွင် အသုံးပြုရန်အတွက် ကွန်ပျူတာအသစ်တစ်လုံး ၀ယ်ယူခဲ့ရာမှာ ပြဿနာအနည်းငယ် ကြုံတွေ့ရပါသဖြင့် သိရှိပါစေကြောင်း စာရေးသားလိုက်ရပါသည်။ ယင်းပြဿနာများမှာ-

-“Start” ဆိုသည့် ခလုတ်သာ ပါရှိပြီး “Stop” ခလုတ်ရှာမတွေ့ပါသဖြင့် ပြန်လည်စစ်ဆေးပေးစေလိုပါသည်။

-စနစ်အတွင်းတွင် “re-scooter” လုပ်ဆောင်မှု ပါ မပါဆိုသည့်အချက်ကို သိရှိလိုပါသည်။ “re-cycle” တစ်ခုသာ တွေ့ရပြီး ကျနော့်တွင် scooter တစ်စီးသာ ရှိသောကြောင့် ဖြစ်ပါသည်။

-“Find” ခလုတ်တစ်ခုပါရှိသော်လည်း ကောင်းစွာ အလုပ်မလုပ်ပါ။ ကျနော်၏ အမျိုးသမီးဖြစ်သူသည် တံခါးသော့ပျောက်သဖြင့် “Find” ခလုတ်ကိုနှိပ်၍ ရှာသော်လည်း သော့နှင့်ပတ်သက်၍ တစ်စွန်းတစ်စပင် ရှာဖွေမပေးနိုင်သဖြင့် ယင်းပြဿနာကို ဖြေရှင်းပေးလိုပါသည်။

-ကျနော်၏သားသည် ယခုအခါ “Microsoft Word” အား သင်ယူပြီးဖြစ်ပါသဖြင့် “Microsoft Sentence” ကို သင်ယူဆိုလိုသောကြောင့် မည်သည့်အချိန်တွင် ထုတ်လုပ်မည်ကိုလည်း သိလိုပါသည်။

-ကျနော်ဝယ်ခဲ့စဉ်က Computer ၊ CPU ၊ Mouse နှင့် Keyboard များ အားလုံးကို ၀ယ်ယူခဲ့သော်လည်း “My Computer” ပုံ တစ်ခုသာ တွေ့ရသောကြောင့် ကျန်ပစ္စည်းများအား မည်သည့်အချိန်တွင် ထည့်ပေးမည်ကို သိလိုပါသည်။

-ထို့ပြင် Windows မှ My Picture ဟု ဖော်ပြနေသည့်အထဲတွင် ကျနော်၏ပုံ တစ်ပုံမျှ ရှာမတွေ့သည်မှာ ထူးခြားလှပါသည်။ ထို့ကြောင့် မည်သည့်အချိန်တွင် ကျနော်၏ပုံကို ထည့်ပေးမည်ကိုလည်း ပြောပြပေးစေလိုပါသည်။

-Microsoft Office ကို တွေ့သော်လည်း ကျနော်သည် အိမ်တွင် ကွန်ပျူတာသုံးသူ ဖြစ်ပါသဖြင့် Microsoft Home ကို မည်သို့ ရရှိနိုင်ပါသလဲ။

-My Recent Documents ကို ထည့်သွင်းပေးထားသော်လည်း My Past Documents များအား မည်သည့်အချိန်တွင် ထည့်ပေးပါမည်နည်း။

-My Network Place (ကျနော်၏ ပေါင်းသင်းဆက်ဆံရာနေရာ) ကိုထည့်သွင်းထားပါသဖြင့် My Secret Place (ကျနော်၏ လျှို့ဝှက်နေရာ) ကိုတော့ မထည့်သွင်းစေလိုပါ။ ရုံးဆင်းလျှင် ကျနော်ဘယ်သွားသည်ဆိုသည်ကို ကျနော့ ဇနီးအား မသိစေလိုပါ ခင်ဗျာ။

လေးစားလျှက်

ဘင်တာဆင်း (Banta Singh)

စာကြွင်း။ ။ မစ္စတာဘီလ်ဂိတ်ခင်ဗျား.. လူကြီးမင်း၏အမည်မှာ Gates ဖြစ်သော်လည်း အဘယ်ကြောင့် Windows များကိုသာ ရောင်းချနေရပါသလဲ ခင်ဗျာ။

( ဘော်ဒါတွေကို ရယ်ပါစေ ဆိုပြီးStanley ရဲ့Blog မှ ကူးယူဖေါ်ပြ လိုက်ပါတယ်။)


Read More...

Thursday, 19 June 2008

Read More...