#tabsE { float:left; width:100%; background:#000; font-size:93%; line-height:normal; } #tabsE ul { margin:0; padding:10px 10px 0 50px; list-style:none; } #tabsE li { display:inline; margin:0; padding:0; } #tabsE a { float:left; background:url("LINK OF tableftE.gif") no-repeat left top; margin:0; padding:0 0 0 4px; text-decoration:none; } #tabsE a span { float:left; display:block; background:url("LINK OF tabrightE.gif") no-repeat right top; padding:5px 15px 4px 6px; color:#FFF; } /* Commented Backslash Hack hides rule from IE5-Mac \*/ #tabsE a span {float:none;} /* End IE5-Mac hack */ #tabsE a:hover span { color:#FFF; } #tabsE a:hover { background-position:0% -42px; } #tabsE a:hover span { background-position:100% -42px; }

Saturday 21 June 2008

Bill Gates ရဲ့မနက်ဖြန် အတွက် မျှော်လင့်ချက်

မကြာသေးမီက ဘီလ်ဂိတ်ဟာ သူ့ရဲ့ကမ္ဘာကျော်လုပ်ငန်းကြီးဖြစ်တဲ့ Microsoft ကို စိတ်ကုန်စွာနဲ့ ရောင်းထုတ်တော့မယ်လို့ ခိုင်လုံတဲ့ သတင်းရပ်ကွက်က ကြားခဲ့ရပါတယ်။ အဲဒီလို ရောင်းချင်စိတ်ပေါက်သွားရတာကတော့ Windows Operating System အသုံးပြုသူ တစ်ဦးထံမှ သူ့ထံကိုပေးပို့လိုက်တဲ့ စာတစ်စောင်ကြောင့်လို့ သိရပါတယ်။ ဒါနဲ့ ကျနော် Stanley လည်း ဘီလ်ဂိတ်ရဲ့ ရုံးခန်းထဲ ခိုးဝင်ပြီး အဲဒီစာကို ရှာဖွေရတော့တာပေါ့။ ကဲ.. မိတ်ဆွေတို့လည်း စိတ်ဝင်စားမယ်ထင်လို့ အဲဒီစာကို ကျနော် ရေးသားဖော်ပြလိုက်ရပါတယ်။

အကြောင်းအရာ။ ။ ကျနော်၏ကွန်ပျူတာအသစ်မှ ပြဿနာများ

လေးစားအပ်ပါသော မစ္စတာဘီလ်ဂိတ်ခင်ဗျား..

ကျနော်ဟာ အိမ်တွင် အသုံးပြုရန်အတွက် ကွန်ပျူတာအသစ်တစ်လုံး ၀ယ်ယူခဲ့ရာမှာ ပြဿနာအနည်းငယ် ကြုံတွေ့ရပါသဖြင့် သိရှိပါစေကြောင်း စာရေးသားလိုက်ရပါသည်။ ယင်းပြဿနာများမှာ-

-“Start” ဆိုသည့် ခလုတ်သာ ပါရှိပြီး “Stop” ခလုတ်ရှာမတွေ့ပါသဖြင့် ပြန်လည်စစ်ဆေးပေးစေလိုပါသည်။

-စနစ်အတွင်းတွင် “re-scooter” လုပ်ဆောင်မှု ပါ မပါဆိုသည့်အချက်ကို သိရှိလိုပါသည်။ “re-cycle” တစ်ခုသာ တွေ့ရပြီး ကျနော့်တွင် scooter တစ်စီးသာ ရှိသောကြောင့် ဖြစ်ပါသည်။

-“Find” ခလုတ်တစ်ခုပါရှိသော်လည်း ကောင်းစွာ အလုပ်မလုပ်ပါ။ ကျနော်၏ အမျိုးသမီးဖြစ်သူသည် တံခါးသော့ပျောက်သဖြင့် “Find” ခလုတ်ကိုနှိပ်၍ ရှာသော်လည်း သော့နှင့်ပတ်သက်၍ တစ်စွန်းတစ်စပင် ရှာဖွေမပေးနိုင်သဖြင့် ယင်းပြဿနာကို ဖြေရှင်းပေးလိုပါသည်။

-ကျနော်၏သားသည် ယခုအခါ “Microsoft Word” အား သင်ယူပြီးဖြစ်ပါသဖြင့် “Microsoft Sentence” ကို သင်ယူဆိုလိုသောကြောင့် မည်သည့်အချိန်တွင် ထုတ်လုပ်မည်ကိုလည်း သိလိုပါသည်။

-ကျနော်ဝယ်ခဲ့စဉ်က Computer ၊ CPU ၊ Mouse နှင့် Keyboard များ အားလုံးကို ၀ယ်ယူခဲ့သော်လည်း “My Computer” ပုံ တစ်ခုသာ တွေ့ရသောကြောင့် ကျန်ပစ္စည်းများအား မည်သည့်အချိန်တွင် ထည့်ပေးမည်ကို သိလိုပါသည်။

-ထို့ပြင် Windows မှ My Picture ဟု ဖော်ပြနေသည့်အထဲတွင် ကျနော်၏ပုံ တစ်ပုံမျှ ရှာမတွေ့သည်မှာ ထူးခြားလှပါသည်။ ထို့ကြောင့် မည်သည့်အချိန်တွင် ကျနော်၏ပုံကို ထည့်ပေးမည်ကိုလည်း ပြောပြပေးစေလိုပါသည်။

-Microsoft Office ကို တွေ့သော်လည်း ကျနော်သည် အိမ်တွင် ကွန်ပျူတာသုံးသူ ဖြစ်ပါသဖြင့် Microsoft Home ကို မည်သို့ ရရှိနိုင်ပါသလဲ။

-My Recent Documents ကို ထည့်သွင်းပေးထားသော်လည်း My Past Documents များအား မည်သည့်အချိန်တွင် ထည့်ပေးပါမည်နည်း။

-My Network Place (ကျနော်၏ ပေါင်းသင်းဆက်ဆံရာနေရာ) ကိုထည့်သွင်းထားပါသဖြင့် My Secret Place (ကျနော်၏ လျှို့ဝှက်နေရာ) ကိုတော့ မထည့်သွင်းစေလိုပါ။ ရုံးဆင်းလျှင် ကျနော်ဘယ်သွားသည်ဆိုသည်ကို ကျနော့ ဇနီးအား မသိစေလိုပါ ခင်ဗျာ။

လေးစားလျှက်

ဘင်တာဆင်း (Banta Singh)

စာကြွင်း။ ။ မစ္စတာဘီလ်ဂိတ်ခင်ဗျား.. လူကြီးမင်း၏အမည်မှာ Gates ဖြစ်သော်လည်း အဘယ်ကြောင့် Windows များကိုသာ ရောင်းချနေရပါသလဲ ခင်ဗျာ။

( ဘော်ဒါတွေကို ရယ်ပါစေ ဆိုပြီးStanley ရဲ့Blog မှ ကူးယူဖေါ်ပြ လိုက်ပါတယ်။)


No comments: