#tabsE { float:left; width:100%; background:#000; font-size:93%; line-height:normal; } #tabsE ul { margin:0; padding:10px 10px 0 50px; list-style:none; } #tabsE li { display:inline; margin:0; padding:0; } #tabsE a { float:left; background:url("LINK OF tableftE.gif") no-repeat left top; margin:0; padding:0 0 0 4px; text-decoration:none; } #tabsE a span { float:left; display:block; background:url("LINK OF tabrightE.gif") no-repeat right top; padding:5px 15px 4px 6px; color:#FFF; } /* Commented Backslash Hack hides rule from IE5-Mac \*/ #tabsE a span {float:none;} /* End IE5-Mac hack */ #tabsE a:hover span { color:#FFF; } #tabsE a:hover { background-position:0% -42px; } #tabsE a:hover span { background-position:100% -42px; }

Wednesday 22 October 2008

Zawgyi-One for Browser

Zawgyi-One for firefox Browser

Firefox ကိုဖွင့်....
Tool-> Content ကို ၀င်လိုက်ပါ..
Font And Colour တွင် Advanced ကိုဝင်ပါ...
Font တွေကို Zawgyi-one လို့ပြောင်းလိုက်ပါ...
Font Size ကိုလည်း သင့်တော်ရာပြင်လိုက်ပါ....
UTF-8 ကိုသုံးပါ...
ပြီးရင် OK ပေါ့...




Zawgyi-One for IE Browser


Internet explorer မှာဇော်ဂျီ သုံးချင်ရင်
အရင်ဆုံး notepad ကိုဖွင့်ပါ...

body
{
font-family:Zawgyi-one;
}
input, select , textarea
{
font-family:Zawgyi-one;
}

ဆိုပြီးရိုက်လိုက်ပါ.... ပြီးရင် C:\ie.css နဲ့သိမ်းလိုက်ပေါ့....
ပြီးတော့ IE ကိုဖွင့်...
Tool -> Folder option -> Accessibility ကို နှိပ်ပါ...
Ignore Font Style specified on web pages ကို check လုပ်ပါ...
Format documents using my style sheet ကို check လုပ်ပါ..
Browse လုပ်လိုက်ပါ...
C:\ie.css ကိုရွေးလိုက်ပါ...
ပြီးရင် OK လုပ်လိုက်ပါ... OK ထပ်လုပ်ပါ..
မြန်မာလို... IE တစ်ခုလုံး Zawgyi font ဖြစ်သွားမယ်

"http://linsanle.blogspot.com မှ ကူးယူဖေါ်ပြ လိုက်ပါတယ်"

Read More...

Tuesday 21 October 2008

သင့် EMAIL အဟက်မခံရအောင် ရှောင်ရန် ဆောင်ရန်လေးတွေ

“Black Hacking ပပျောက်ရေး Email ပို့ကာဆောင်ရွက်ပေး…..”


သင့် EMAIL အဟက်မခံရအောင် ရှောင်ရန် ဆောင်ရန်လေးတွေ

Email အဟက်ခံရတယ်ဆိုတာဟာ များသောအားဖြင့် ဟောဒီအချက်တွေကြောင့်ပဲ ဖြစ်နိုင်ပါတယ်။

၁။ social engineering ဆိုတဲ့ အယုံသွင်းပြီး password ကိုယူသွားတာ
၂။ cookies အခိုးခံရတာ
၃။ key logger လိုဟာမျိုးနဲ့ ကိုယ်ရိုက်ထားသမျှတွေထဲကနေ password ကိုသိသွားတာ

ကျွန်တော် သိသလောက်ကတော့ ကျွန်တော်တို့ဆီမှာ ကြုံကြရတာဟာ အမှတ်(၁) အမျိုးအစားကများပါတယ်။Gmail team ကလိုလို၊ တခြား ယုံကြည်ရတဲ့ Site တစ်ခုခုက လိုလိုနဲ့စာတွေပို့ပြီး အယုံသွင်းတတ်ကြပါတယ်။ များသောအားဖြင့် အင်္ဂလိပ်စာကျွမ်းကျင်တဲ့သူတွေ ပိုပြီးခံရကြပါတယ်။ ပြီးတော့ လူ့လောဘကို အသာလေးဆွပေးလိုက်တဲ့ စာမျိုးတွေလည်း လာတတ်ပါသေးတယ်။
တစ်ခြားသူတစ်ယောက်ယောက်ရဲ့ password ကိုသိချင်ရင် သူပို့လိုက်တဲ့ အထူးပရိုဂရမ်ကိုသုံးကြည့်ဖို့ပေါ့လေ။
လူတိုင်းဟာ သူများရဲ့ အတွင်းရေးကို သိချင်ကြသူတွေချည်းပဲမဟုတ်လား။ အဲဒီအချိန်မှာ သတိလွတ်သွားပြီး သူတောင်းတဲ့အတိုင်း ကိုယ့် password ကို ပေးလိုက်မိပါတယ်။ ပြီးရင် တစ်ဖက်က စာပြန်လာတတ်ပါတယ်။
မင်းသိချင်တာအတွက် အလုပ်လုပ်နေဆဲမို့လို့ ခဏစောင့်ပါ ဘာညာပေါ့လေ။
အဲဒါကတော့ auto responder လုပ်ထားလို့ ပြန်ရောက်လာတဲ့စာပါပဲ။ ကိုယ့်မေး(လ်) နဲ့ password ကတော့ သူ့ဆီရောက်သွားပါပြီ။ ကြုံဖူးရင်ကြုံဖူးကြမှာပါ။ ဒီတော့ကာ အဲဒီလို စာမျိုးတွေကို ဘယ်တော့မှ မယုံပါနဲ့။
ဒီလိုလုပ်လို့ သူများ password ကို ဘယ်လိုမှ မသိရနိုင်ပါဘူး။ တစ်ဖက်က mail server ထောင်ထားတဲ့သူတွေကလဲ သူငယ်နှပ်စားလေးတွေမှ မဟုတ်တာ။ သူတို့ဒီလောက်တောင် အ, ရင် ကုန်သွားတာကြာပြီပေါ့။

အမှတ်(၂) အမျိုးအစားကတော့ ခင်ဗျားတို့လောလောဆယ် အီးမေး(လ်)ကဲ့သို့သော login name နဲ့ password သုံးရတဲ့
ဆိုက်မျိုးတစ်ခုခုကို ၀င်နေချိန်မှာ အဲဒီ အချက်အလက်တွေကို ခင်ဗျားတို့ရဲ့ browser က ယာယီဖိုင်ကလေးတွေဖြစ်တဲ့ cookies လေးတွေအဖြစ်
စက်ထဲမှာ သိမ်းထားပါတယ်။ အဲဒါမျိုးကို တစ်ဖက်ဆာဗာကနေ java code, php code လို script လေးသုံးပြီး ယူလိုက်လို့ရပါတယ်။
ပြီးရင် သူ့ဆာဗာတစ်နေရာမှာ သိမ်းထားလိုက်မှာပေါ့လေ။ နောက်တော့မှ အဲဒီ cookies တွေကို သူ့ browser ထဲကို import လုပ်လိုက်ရင်
ခုနက ခင်ဗျား login ၀င်ထားတဲ့ အနေအထားမျိုးပြန်ဖြစ်သွားပြီး ခင်ဗျားရဲ့ မေး(လ်)ထဲကိုရောက်သွားပါလိမ့်မယ်။

အဲဒီလို cookies ခိုးတာဟာ server side script ရော client side script ရော နှစ်မျိုးစလုံးနဲ့ လုပ်လို့ရပါတယ်။
Firefox plug-in တွေဖြစ်တဲ့ grease monkey တို့ chicken foot တို့လိုဟာမျိုးတင်ထားပြီး၊ java script ထည့်ထားရင် အဲဒီ ပရိုဂရမ်ဟာ
background process အဖြစ်နဲ့ ခင်ဗျားရဲ့ cookie တွေကို အချိန်တိုင်း သူ့ဆာဗာဆီကို လှမ်းပို့နေပါလိမ့်မယ်။
အဲဒါမျိုးကို antivirus တွေမသိနိုင်ပါဘူး။
ဒီတော့ကာ ဆိုင်မှာသုံးတဲ့အခါ ကိုယ်သုံးမဲ့ Firefox က add-on နေရာမှာ ဘာတွေရှိနေသလဲဆိုတာအရင်ကြည့်ကြည့်ပါ။
grease monkey တို့ chicken foot တို့တွေ့ရင် uninstall လုပ်လိုက်ပါ။
ပြီးတော့က WOT Web of Trust ဆိုတဲ့ Firefox plug-in တစ်ခုကိုတင်ထားစေချင်ပါတယ်။ သူက စိတ်ချရတဲ့ Site အဆင့်အတန်းကို
ဝါ စိမ်း နီ အရောင်နဲ့ပြပါတယ်။ အနီရောင်ဆိုရင် ၀င်မကြည့်သင့်ပါဘူး။ များသောအားဖြင့် crack.ms တို့လို password တွေ
serial တွေပေးတဲ့ Site တွေ နဲ့ porn site တွေဟာ စိတ်မချရပါဘူး။
နောက်ပြီးတော့ Beef ဆိုတဲ့ browser exploitation framework တစ်ခုရှိပါသေးတယ်။
ဟောဒီ link ကနေ သွားကြည့်ကြပါ။ http://www.bindshell.net/tools/beef
အဲဒီဟာကတော့ server side application တစ်ခုဖြစ်ပြီး ကိုယ်ဆာဗာပေါ်မှာ အဲဒါကိုတင်ထားပြီး သူလုပ်ခိုင်းတဲ့အတိုင်း configuration လုပ်ထားရင်၊ admin panel ကနေ ကိုယ့်ဆီလာကြည့်သမျှစက်တွေထဲကို လုပ်ချင်တာလုပ်လို့ရနေတဲ့ သဘောရှိပါတယ်။ XSS proxy ပုံစံမျိုးပါပဲ။ XSS နားလည်တဲ့သူတွေကတော့ သဘောပေါက်ကောင်းပေါက်နိုင်ပါတယ်။
ဒေါင်းပြီး ကိုယ့်စက်ထဲမှာ စမ်းကြည့်လို့လဲရပါတယ်။ တကယ်ဖြစ်ပါတယ်။ ကျွန်တော်စမ်းပြီးသားပါ။
အဲဒီလိုဟာမျိုးတွေကိုလဲ ကြောက်ရပါတယ်။

အမှတ်(၃) အမျိုးအစားဖြစ်တဲ့ key logger ဆိုတာကတော့ ကီးဘုတ်က ရိုက်သမျှတွေအကုန်လုံးကို စက်ထဲမှာ
ဖိုင်လေးတွေဖွင့်ပြီး သိမ်းထားတဲ့ဟာမျိုးပါပဲ။ ဒီတော့ကာ ခင်ဗျားရိုက်သမျှကိုသိရပြီပေါ့ဗျာ။
ဒါကတော့ task manager ကနေကြည့်ရင် ဘာ run နေလဲဆိုတာသိနိုင်ပါတယ်။
စိတ်မချရတဲ့ဆိုက်ဆိုရင် မသွားနဲ့ပေါ့။ ပြီးတော့ user name တို့ password တွေရိုက်တဲ့အခါမှာ အမှားတွေရောပြီးရိုက်လိုက်
back space နဲ့ ပြန်ဖျက်လိုက်၊ ထပ်ရိုက်လိုက် ... အဲဒါမျိုးရိုက်ထည့်ပါ။ အဲဒါဆိုရင် key logger က log file ကိုကြည့်တဲ့အခါ တော်တော် ခေါင်းစားပြီး password အမှန်ကို သိအောင် တော်ကြိုးစားရပါလိမ့်မယ်။
များသောအားဖြင့်ကတော့ key logger တွေကို antivirus တွေက လက်မခံပါဘူး။

ဒီတော့ကာ အခုပြောခဲ့သမျှတွေကို သေချာနားလည်အောင်ဖတ်ပြီး ကာကွယ်ကြပါတော့။
အကောင်းဆုံးကတော့ password ကို မကြာမကြာပြောင်းပေးဖို့ပါပဲ။ တစ်ချို့ကလဲ
password မှန်သမျှကို တစ်မျိုးထဲ ထားတတ်ကြပါတယ်။ ဒါလဲ မလုပ်သင့်ပါဘူး။
ပြီးတော့ security question တွေကို လေးလေးနက်နက်သဘောထားပြီး ခန့်မှန်းလို့ခက်မဲ့အဖြေမျိုးတွေကိုပဲ
ဖြေကြစေချင်ပါတယ်။ ပြီးတော့ကာ secondary mail ကို သူများမေး(လ်) မထားကြပါနဲ့။
သူများကိုလဲ မေး(လ်)မလုပ်ခိုင်းပါနဲ့။ ခုခေတ်မှာ ရည်းစားနဲ့ မေး(လ်)ချင်း ဖလှယ်တာတွေကို အမြဲတွေ့နေရပါတယ်။
တကယ်တမ်းကတော့ အပြန်အလှန် လျှို့ဝှက်ချက်မရှိကြောင်း သက်သေထူချင်တာပါပဲ။ ချစ်ဆိပ်တက်နေတုန်းမှာ ဘာမှ မဖြစ်ပေမယ့်၊
ရန်ဖြစ်ကြပြီဆိုရင် တစ်ဖက်လူက ကိုယ့်မေး(လ်)က ဟာတွေ အကုန်ရသွားပါလိမ့်မယ်။ ဒါမျိုးနဲ့ အရှက်တကွဲအကျိုးနည်းရတာတွေကြားဖူးပါတယ်။



hacker ရဲ့ skills မှာ ပေါင်းသင်းဆက်ဆံရေးကောင်းတာလည်းတခု အပါအဝင်လို့ပြောချင်ပါတယ်
ကိုယ် hack ချင်တဲ့လူနဲ့ခင်အောင်ပေါင်းပြီးသူ့ရဲ့ Security Question ကို Guess လုပ်တာပါ Exp... Birthday, mother middle name ... etc....

Site, Company တခုကို hack တော့မယ်ဆိုရင်အဲ့ဒီ company မှာလုပ်နေတဲ့လူနဲ့ တဲ့အောင်ပေါင်းပြီး information တွေကိုရအောင်ယူကြရတယ်။ exp... Hardware, Software, network topology, server OS, etc....... That's social engineering.




အပျော်သုံးဖို့နဲ့ အလုပ်လုပ်ဖို့ စသဖြင့် မေး(လ်)တွေ အမျိုးမျိုးခွဲထားပါ။

မြန်မာပြည်မှာ password အခိုးခံရတာဆိုတာတော့ အများအားဖြင့် သုံးစွဲသူတွေရဲ့ security အသိပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် များပါတယ်.. g-mail ကို server ထိ လိုက် hack ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ပါ။
1) g-talk, gmail သေချာ sign out လုပ်ပါ။ login ၀င်လျှင် remember password ကို check မပေးပါနဲ့။ never for this site သာချပါ။history, cookies တို့ကို clear လုပ်ခဲ့ပါ။
2) g-lite တွေကို ဖြစ်နိုင်ရင် မ၀င်ပါနဲ့ ။ php နည်းနည်းလေးသိတာ လောက်နဲ့တင် အလွယ်တကူ ခိုးယူလို့ရပါတယ်။
3) g-mail, yahoo, hotmail အစရှိသော mail တို့ရဲ့ password တောင်းရာ site တွေကို လုံးဝ password မပေးပါနဲ့။ ဥပမာ (friendster, multiply, zorpia, hi5 etc.,) ကိုယ့်သူငယ်ချင်းတွေဆီ spam မေးတွေရောက်သလို။ ကိုယ့် အကောင့်နဲ့ သူချယ်လှယ်ချင်တာ ချယ်လှယ်တာ ခံရပါလိမ့်မယ်။
4) ကိုယ့်သုံးတဲ့ စက်မှာ golden eye, key logger အစရှိသော user အား trace လိုက်ရာ program များ run ခြင်းရှိမရှိ စစ်ကြည့်ပါ။ မသကာၤပါက end process သာ ကစ္ပစ္ပါ။ restart မှတပါး ဘာမှ ပြဿနာ မရှိနိုင်၊ မဖြစ်နိုင်ပါ။

Cyber Café မှ သုံးသူများ အတွက် (သို့) သူများ PC မှာ သုံးမယ်ဆိုရင်။

တော်တော်များများက Gmail password hack မယ်ဆိုတာနဲ့ အရမ်းကို စိတ်ဝင်စားကြတယ်ဗျ။ ဘာလို့သူများ password ကို သိချင်ကြမှန်း မသိဘူး။ ဘာမှ ကောင်းကျိုး မရှိဘူး။


တချို့ Forum တွေ Blog တွေမှာ ရေးကြတာကတော့ connection ကျအောင်အရင်လုပ် gtalk က password တွေ •••• အဖြစ်ပေါ်လာရင် သူတို့ပြောတဲ့ Software နဲ့ ကြည့်ပေါ့ဗျာ။ အင်း ...
အဲဒီထက်ကောင်းတဲ့နည်းရှိတယ်ဗျ ... see password လို့ ခေါ်တယ်။ ဒီ software လေးမှာ မှန်လိုပုံစံလေးပါတယ်။ password နေရာမှာ မှန်ဘီလူး လိုကြည့်လိုက်ရင်ပေါ်ပြီပဲ။ portable လည်းရှိပါတယ်။

အဲဒါထက်ဆိုးတာ တစ်ခုရှိတယ်ဗျ။ ဒီလိုဗျာ .. keylogger လို့ခေါ်တယ် .. window စတက် ကတည်းက စအလုပ်လုပ်တယ်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေတယ်။ tray icon လည်း မပေါ်ဘူး။ ဒါကြောင့် ရှိမရိလညှ်း မသိရတော့ဘူးပေါ့ဗျာ။ သူက ခင်ဗျား keyboard မှာ ရေးလိုက်သမျှ၊ mouse နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ မှတ်ထားပေးတယ်ဗျ။ အဲဒါဆို ဘာတွေ ပါသွားမလဲ တွေးကြည့်လေ။ ပထမဆုံး gtalk sign in ၀င်မယ်ဗျာ။ သွားပြီ user name ရော ၊ password ရော။ နောက်ပြီးရင် ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ်ကြားတွေပြောမယ်၊ ဒါမှမဟုတ် လုပ်ငန်းပိုင်းတွေပြောမယ်။ တချို့တွေ credit card နံပါတ်တွေ ရိုက်မယ် အကုန်ကျန်ခဲ့တာဗျ။ ဘယ်လောက် ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့။ အထူးသဖြင့် Cyber ကနေ သုံးရတဲ့လူတွေ တွေးသာကြည့်ပါတော့ဗျာ ... (All in 1 key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါ မှတ်ပေးထားနိုင်တယ်၊ သတိထားနော်.. မင်းသား/မင်းသမီးတွေလို ဖြစ်သွားမယ် ။ )

အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျွန်တော် ပြောပြပါ့မယ်။ ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့ အသိပေးပြောပြလိုက်ပေါ့ဗျာ။ တကယ်ကျန်ခဲ့တယ်ဆိုတာ အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား .. Software ရှာပြီး စမ်းကြည့်ပေါ့ဗျာ။
ကဲ ကြာပါတယ် .. ကိုယ်ရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင် .. ။ Ctrl+Shift+Esc (or) Ctrl+Atl+Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ဗျာ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန်သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ key logger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲ အိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ...ဘာလို့ဆို ရိုးရိုး user တွေအနေနဲ့က ဘယ်လို file က အချက်အလက်တွေကို ရီကော့လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်း ဘေးရှင်းအားလုံးကို end process လုပ်ပြီး ကိုယ်သုံးတဲ့ Application ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးပါပဲ။



အဲ့ဒီ Software က media server ဆိုတဲ့ အရေခြုံထားတာပါ။ internal name ကတော့ KeyLogger.exe ပါ။
Data Doctor Key Logger လို့လဲခေါ်ကြပါသေးတယ်။
OS ကိုလိုက်ပြီး သိမ်းတဲ့နေရာကွဲသွားပါတယ်။
C:\Windows\System for Windows 95/98/ME
C:\Winnt\System32 for Windows NT/2000
C:\Windows\System32 for Windows XP and Vista
အဲဒီနေရာတွေမှာ ရှာကြည့်ပါ။ ပြီးရင်
Registry ထဲက Run, RunOnce, RunServices ဒါမှမဟုတ် RunServicesOnce နေရာတွေမှာရှာပြီးဖျက်ပစ်ပါ။
အောက်မှာပြထားတဲ့ နေရာတွေနဲ့ file တွေတွေ့ရင် delete လုပ်ပစ်ပါ။ safe mode နဲ့ လုပ်ပါ။
%ProgramFiles%\KeyLog\Key.exe
%ProgramFiles%\KeyLog\Uninstall.exe
%ProgramFiles%\KeyLog\msdts.exe
%UserProfile%\Desktop\Key.exe

ဒါက DLL file တွေကို ကစ်ဖို့ ..
%ProgramFiles%\KeyLog\Registration.dll
%ProgramFiles%\KeyLog\Support.dll
%System%\Urncb.dll
%System%\Urncbc.dll

ဒါကတော့ registry မှာ ရှာဖို့၊ တွေ့ရင်ဖျက်...။
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Uninstall\Data Doctor KeyLogger (Trial) 2.0.1.5

အဲ့ဒီ Software ဟာ default home page ကိုလဲ change သွားတတ်ပါသေးတယ်။



ကျွန်တော်ကိုယ်တိုင်လည်း ဒီနည်းနဲ့ Hack ခံခဲ့ရဖူးပါတယ်။



================================================== ==

တကယ်တော့ Gmail password ပဲ hack ခံရမှာကြောက်နေတာလား
အခြားဟာတွေကော hack ခံရမှာမကြောက်ကျဘူးလား
ဘယ် web site ကိုပဲဖွင့်ဖွင့် Gmail, friendster, zopia, hi5,WAYN အဲဒါတွေဖွင့်တယ် VZO သုံးတယ် ပြီးတော့အမူမဲ့အမှတ်မဲ့ပြန်သွားကြတယ်လေ
အဲဒီမှာနောက်လူကလာတော့တွေ့ရော သူများအကြောင်းကိုယ့်အကြောင်းစပ်စုချင်တဲ့သူက၀င်မှာပဲလေ
အဲဒီအခါကျတော့ hack သလိုဖြစ်သွားတာပေါ့နော် တကယ့် hacker ကြီးတော့မတွေ့ဘူးသေးဘူး
ရှိလဲ ဒီလို Gmail လောက်ကိုလိုက် မhack ဘူးထင်တာပဲလေ
အကောင်းဆုံးကတော့ ကိုယ်သုံးပြီးရင်သေချာ log out လုပ်ခဲ့လားဆိုတာကိုပြန်စစ်ပေါ့… VZO ကတော့အများဆုံးကျန်တတ်တယ်
သတိတော့ထားပေါ့နော်
Gmail ကတော့ ဒီတိုင်းပိတ်လိုက်ပြီးပြန်ဖွင့်ရင်တောင် username and password တောင်းပါတယ် လွယ်လွယ်လေးနဲ့ hack လို့်မရပါဘူး
ကိုယ့်အကောင့်ကို ကိုယ်သေချာ logout လုပ်ခဲ့ပါ
အပေါ်ကပြောသလို key logger လိုဟာတွေရှိမရှိစစ်ပေါ့နော်
ရှိရင်လဲ ပိတ်ထားလိုက်ပေါ့
မပိတ်တတ်ရင် ဆိုင်ရှင်ကို ပိတ်ပေးဖို့ပြောလိုက်ပေါ့ဗျာ
အဲဒါပိုကောင်းပါမယ်


Hacking လုပ်စရာ Gmail တခုထဲရှိတာမဟုတ်ဘူးဆိုတာကိုလည်း မမေ့ပါနဲ့
ပြီးတော့ မြန်မာပြည်က Gmail တော်တော်များများဟာ personal များပါတယ်
အဲဒီမေးလ်တွေကို့ hacker တွေက မhack လောက်ပါဘူး
ဒီလိုပဲသာမာန် user ထဲကနည်းနည်းပိုတတ်တဲ့သူက ကလိတာဖြစ်မှာပါ
ကိုယ့်အကောင့်ကိုသိသွားတာ မခံချင်စရာပေါ့နော်
သုံးပြီး ပြန်ကြည့် သတိရှိရင် မခံရနိုင်ပါဘူး





================================================== ==



နောက်တစ်ခုကတော့ ကျွန်တော်ရဲ့ Close Friend တစ်ယောက်အကြောင်းပါ၊ သူက စလုံး မှာကျောင်းတက်နေတာ သူရဲ့ Gmail ကို Hack လုပ်ခံလိုက်ရတာပါ။ သူကတော့ သူ့ laptop ကို သူတစ်ယောက်ပဲသုံးတာပါ။


တနေ့ သူ Gtalk မှာ hacker လိုပြောတဲ့ သူ တစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ကျွန်တော့်သူငယ်ချင်း က မင်း hacker ဆိုရင် ငါ့ Gmail ကို ရအောင် hack ဆိုပြီး ပြောလိုက်တယ်။ hacker ကပြောတယ် 24 hr အတွင်း hack ပြမယ်လို့ပြောတယ်။ နောက်နေ့ မနက်မှာ hacker ရဲ့ Gtalk's status မှာကျွန်တော့် သူငယ်ချင်းရဲ့ password ကိုတင်ထားတာ တွေ့တော့ ကျွန်တော့သူငယ်ချင်း shock ဖြစ်သွားပါတယ်။ ကျွန်တော် သူငယ်ချင်း က hacker ကိုပြောလိုက်တယ် မင်းမှာ Gmail ကို hack တဲ့ tools ရှိလိုမင်း hack လုပ်လို့ရတာ။ ဒါက ကလေးတောင် လုပ်နိုင်တယ်လို့ ပြောပြီး သူ့ကျောင်း email ကိုပေးပြီး hack လုပ်ဖို့ ထပ်ပြောလိုက်တယ်။ အရင်အတိုင်းပါပဲ နောက်တစ်နေ့ မနက်မှာ hacker ရဲ့ Gtalk's status မှာ ကျွန်တော့်သူငယ်ချင်းရဲ့ password ထပ်ပြီး တင်ထားလိုက်ပြန်တယ်။


အဲဒီမှာတင် ကျွန်တော့်သူငယ်ချင်းလည်း hacker ဆိုတဲ့ ကောင်ကို ငါရှုံးတယ်။ မင်း hacker ဆိုတာ အသိအမှတ်ပြုတယ်။ မင်းရဲ့ hack လုပ်တဲ့ နည်းငါ့ကို သင်ပေးပါလို့ ပြောလိုက်တယ်။ hacker ကကျွန်တော် သူငယ်ချင်းကို Block လုပ်ပစ်လိုက်ပါတယ်။ ကျွန်တော့ သူငယ်ချင်းက တခြား account တွေ လုပ်ပြီး invite လုပ်ပေမယ့် ဘယ်လိုမှလုပ်လို့ မရတော့ပါဘူး။ အဲဒါ လွန်ခဲ့တဲ့ ၂ နှစ် လောက်က ဖြစ်ခဲ့တာပါ။ ခုတော့ ကျွန်တော်တို့ hacker ရဲ့ Gmail account ကို မေ့သွားကြပါပြီ။ hacker ကလည်း ကျွန်တော့်သူငယ်ချင်းကို ဘာဒုက္ခမှ မပေးခဲ့ပါဘူး။ ကြည့်ရတာ White Hacker ဖြစ်မယ့်ပုံပါပဲ။

ခု cyber cafe တွေမှာ hack ခံရတာ ဒီလို hacker မျိုးတွေရဲ့ လက်ချက်တော့ မဟုတ်နိုင်ပါဘူး။ key logger သုံးနေတာ ပဲဖြစ်မယ်ထင်ပါတယ်။



================================================== ==



ဒါဟာ wifi သုံးတဲ့သူတွေ ခံရတတ်တဲ့ နည်းပဲလို့ တွေးမိပါတယ်။ packet sniffer ဆိုတဲ့ tools တွေရှိပါတယ်။ windows အတွက်နာမည်ကျော်ကတော့ Cain and able ဆိုတာပါပဲ။ Linux ရော Windows မှာပါသုံးနိုင်တာကတော့ wire shark ပါ။ အဲဒီ tools တွေနဲ့ တစ်ဖက်လူ သုံးနေတဲ့ TCP packet တွေကို ကြည့်နိုင်ပါတယ်။ wifi သုံးတဲ့သူဆိုရင်တော့ လေထဲကတင် အနံ့ခံပြီးရှာနိုင်တာပါပဲ။
အဲဒီအခါ ခုနက ကျွန်တော်ပြောခဲ့တဲ့ cookies တွေကို ရသွားပါလိမ့်မယ်။
Gtalk ကိုဝင်နေဆဲ cookies ရသွားပြီဆိုရင်တော့ အဲဒါကို import ပြန်လုပ်လိုက်ရုံပဲရှိပါတော့တယ်။ ဒီလိုလုပ်လိုက်တာဖြစ်မှာပါပဲ။



================================================== ==



ဒီနေရာမှာ အများ သတိမထားမိတဲ့ အချက်လေးတစ်ခု ကျွန်တော်ပြောပြချင်ပါတယ်။
Password security အကြောင်းလေးပါ။

Internet ကိုစတင်အသုံးပြုသူတွေဟာ Website အသစ်တွေ့တိုင်း Signup လုပ်၊ သူငယ်ချင်းတွေရဲ့
Email တွေကိုပါ ဖိတ်မာန်တက ပြုပြီး signup လုပ်စေပါတယ်။

ဆိုကြပါစို့ ကျွန်တော်က မသမာတဲ့ hacker တစ်ယောက်ဆိုပါတော့။ အခုခေတ်မှာ Domain တစ်ခု
ဝယ်ပြီး forum တစ်ခု Setup လုပ်တာ လွယ်မှလွယ်။ ဒါ့ကြောင့် လူစိတ်ဝင်စားမယ့် နာမည်နဲ့
Website တစ်ခုထောင်၊ ပြီးတော့ free software တွေ၊ file download တွေပေးပြီး၊ User တွေကို
attract လုပ်ပါတယ်။ User တွေကလည်း subscribe လုပ်ကြတယ်ပေါ့။

ဒီမှာတင်စပါပြီ။ အတွေ့အကြုံနည်းတဲ့ User တွေဟာ မှတ်ရလွယ်တဲ့ password တစ်ခုတည်းကို နေရာတိုင်းမှာ သုံးပါတယ်။ Subscription တွေများတော့ အကုန်မမှတ်နိုင်တော့ဘူး၊ Gmail Account တစ်ခု Password တစ်ခုတည်းနဲ့ Site တိုင်းမှာ Subscribe လုပ်ထားတော့၊ မသမာတဲ့ Hacker ရဲ့ website မှာလည်း ဒီ Gmail နဲ့ပဲ ဒီ Password နဲ့ပဲ၊ Subscribe လုပ်မိရင်၊ မသမာတဲ့ hacker ဟာ Gmail နာမည်နဲ့ Password တွဲရက်ကိုသိသွားပါပြီ။ ( ဒီနေရာမှာ ဆရာသမားများက Encrypt လုပ်ထားရင် ဘယ်လိုမှမသိနိုင်ဘူးပြောကြပါမယ်။ Forum system တွေမှာ password ကို Plain text နဲ့ သိမ်းအောင်လုပ်ရတာမျိုးဟာ ဘာမှမခက်ပါဘူး။ အကယ်၍ Encrypt လုပ်ထားရင်တောင် Algorithm နဲ့ Salt နဲ့သိရင် Password ထဲက တချို့စာလုံးတွေကို ဖော်ပြီး၊ အားလုံးကို မှန်းဆဖို့ဟာ မခက်တော့ပါဘူး။)

ကဲ သူကသင့်ရဲ့ Gmail နဲ့ Password ကိုသုံးပြီး သင့်ရဲ့ Gmail ကို အရင် စမ်းကြည့်မယ်။ ပြီးရင် တခြား Forum တွေ Subscription တွေကို Login ၀င်ကြည့်မယ်။ နာမည်တူ နဲ့ တခြား email တွေ ဥပမာ
…………..@gmail.com ဆိုရင် ………….@hotmail.com, ……………@yahoo.com တို့ရှိနိုင်တယ်
Password တစ်ခုတည်းကိုပဲသုံးတော့ အဲဒီ Email တွေကိုပါ စမ်းဝင်ကြည့်တော့မယ်။
ကဲ နောက်ဆက်တွဲကိုတော့ ဆက်ရှင်းပြစရာမလိုတော့ဘူးထင်ပါတယ်။

ဒီလိုဖြစ်ရတဲ့ အကြောင်းများကို စမ်းစစ်ကြည့်တော့၊
၁။ ။ တွေ့ကရာ Website မှာ Signup လုပ်တာ။
၂။ ။ password တစ်ခုတည်းကို နေရာတိုင်းမှာ သုံးတာ ကြောင့်ဆိုတာတွေ့ရပါတယ်။

အကယ်၍ မသမာတဲ့ Website မှာ Subscribe လုပ်မိရင်တောင်မှ၊ Password တစ်ခုတည်းကို
Account တိုင်းမှာ မသုံးရင်၊ ဒီလိုပြဿနာမျိုးကနေ ကာကွယ်နိုင်ပါတယ်။

နောက်ပြီး၊ အများသုံးကွန်ပျူတာမှာ (internet cafe မှာ) Login လုပ်ရင် Remember Password
option ကိုလုံးဝမရွေးထားဖို့။(ကျွန်တော်တော့ ကိုယ်ပိုင် computer မှာတောင် မလုပ်ပါဘူး။)
သံသယရှိရင်၊ Login မလုပ်ခင်၊ ဆိုင်ရှင်ကို အကြောင်းကြား မေးမြန်းဖို့။ ကိုယ့်လုံခြုံရေးကို
တက်တက်ကြွကြွသတိရှိရှိ ဖြစ်နေဖို့အရေးကြီးပါတယ်။



================================================== ==

တစ်ခုထူးဆန်းတာက မနေ့ညက ကျွန်တော့် ညီမလေးတစ်ယောက် Cyber Café တစ်ခုမှာ Gmail သုံးနေရင်းနဲ့ သူဝင်ထားတဲ့ password တွေပြန်ဖျက်လို့မရတာကြောင့် ကျွန်တော့်ဆီ လှမ်းမေးပါတယ်။ သူ့ password တင်မက သူ့ရှေ့က ၀င်သွားသူတွေရဲ့ password တွေကိုပါ
ပြန်တွေ့နေရတယ်လို့ပြောပါတယ်။ auto fill လုပ်ထားတဲ့ ပုံစံမျိုးနဲ့တွေ့နေရတာပါပဲ။ IE AutoFill ဆိုတဲ့ software လေးတစ်ခုတော့ ကြားဖူးတယ်။ သုံးတော့ မသုံးဖူးဘူး။ အဲဒါမျိုး တစ်ခုခုကို background မှာ run ထားတာဖြစ်မှာပါပဲ။ ဒါပေမယ့် ကျွန်တော့်ညီမလေးက ကွန်ပျူတာ knowledge သိပ်မရှိတော့ task manager တွေဘာတွေ မသုံးတတ် မရှာတတ်ဘူး။ history တွေ offline file တွေ cookies တွေကို delete လုပ်ခိုင်းတော့လဲ မရဘူးလို့ပြောတာပဲ။ သူ့ကိုက သေသေချာချာ မလုပ်တတ်တာဖြစ်မှာပါ။
တကယ်ကတော့ task manager ကနေရှာပြီး ပိတ်လိုက်ရင်ရမှာပါ။ ဒါပေမယ့် သူကတော့
ဒီအတိုင်း လွှတ်ပေးလိုက်ရတော့တယ်။ ကျွန်တော်ပြောတာတွေကိုလဲ သူကလိုက်မလုပ်တတ်တော့ မတတ်နိုင်ဘူးလေ။ နောက်မှ တစ်နေရာပြန်သွားပြီး password ကို ချက်ချင်ပြန်ပြောင်းရတယ်။
ဒါက ဘာသဘောနဲ့ ဒီလိုလုပ်ထားလဲဆိုတာတော့ မပြောတတ်ပါဘူး။ ဒါကြောင့် လုံခြုံစိတ်ချရတဲ့ Cyber Café ကိုသာသွားရောက် သုံးစွဲခြင်းဟာလည်း email အဟက်ခံရခြင်းကို နည်းပါးစေပါတယ်..

================================================== ==



Hacker တွေဟာ အဖြူရောင်ဖြစ်ဖြစ်၊ အမဲရောင်ဖြစ်ဖြစ်၊ ဘယ်ဖက်ကိုယိမ်းမယ်ဆိုတာ
ပိုင်းခြားထားတဲ့ စည်းမျဉ်းလေးက ပါးပါးလေးပါ။ မြန်မာပြည်မှာ ဥပဒေမရှိသေးဘူးဆိုပြီး
စမ်းချင်တိုင်းစမ်းတာမျိုးဟာ အဖြူရောင် Hacker တွေရဲ့အလေ့အထမျိုးမဟုတ်ပါဘူး။
Security Assessment လုပ်ရင်တောင်၊ Permission ကို စာချုပ်စာတမ်းနဲ့ ယူရတာမျိုးပါ။
မသမာမှုလုပ်လို့ အဖမ်းခံရတဲ့ Hacker အများစုဟာ လူငယ်လေးတွေများပါတယ်။
တကယ်ကို အဖွဲ့အစည်းနဲ့၊ ကျွမ်းကျင်မှုနဲ့ လုပ်ကြသူတွေဟာ ဘယ်တော့မှ အဖမ်းမခံရဘူး။
ငါ Hacker ကွလို့ပြောမနေဘူးဆိုတာကိုလည်း သိရှိထားသင့်ပါတယ်။

(အထက်ပါ နည်းပညာများကို MZ Forum ရဲ့ Post များမှ ပြန်လည်မှီငြမ်းထားပါသည်။)

(ယခုလိုမျိုး နည်းပညာတွေနဲ့  ၀ိုင်းဝန်းကူညီ ဆွေးနွေးပေးကြတဲ့အတွက် MZ မှ ညီအကိုမောင်နှမများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။)

Read More...