#tabsE { float:left; width:100%; background:#000; font-size:93%; line-height:normal; } #tabsE ul { margin:0; padding:10px 10px 0 50px; list-style:none; } #tabsE li { display:inline; margin:0; padding:0; } #tabsE a { float:left; background:url("LINK OF tableftE.gif") no-repeat left top; margin:0; padding:0 0 0 4px; text-decoration:none; } #tabsE a span { float:left; display:block; background:url("LINK OF tabrightE.gif") no-repeat right top; padding:5px 15px 4px 6px; color:#FFF; } /* Commented Backslash Hack hides rule from IE5-Mac \*/ #tabsE a span {float:none;} /* End IE5-Mac hack */ #tabsE a:hover span { color:#FFF; } #tabsE a:hover { background-position:0% -42px; } #tabsE a:hover span { background-position:100% -42px; }

Sunday 21 September 2008

ဆိုင်ဘာမှသုံးသူများ အတွက် (သို့) သူများ PC မှာ သုံးမယ်ဆိုရင်

တော်တော်များများက Gmail password hack မယ်ဆိုတာနဲ့ အရမ်းကို စိတ်ဝင်စားကြတယ်ဗျ .. ။ ဘာလို့သူများ password ကို

သိချင်ကြမှန်းမသိဘူး .. ။  ဘာမှ ကောင်းကျိုးမရှိဘူး ။ ရေးတဲ့လူတွေ ရှိတော့လည်း ပြောပြရတော့မှာပေါ့ဗျာ .. ။ ရေးကြတာကတော့

connection ကျအောင်လုပ် gtalk က password တွေ •••• အဖြစ်ပေါ်လာရင် သူတို့ပြောတဲ့ Software နဲ့ ကြည့်ပေါ့ဗျာ .. ။ အင်း ...

အဲဒီထက်ကောင်းတဲ့နည်းရှိတယ်ဗျ ... see passwoord လို့ ခေါ်တယ်။ ဒီကောင်လေးမှာ မှန်လိုပုံစံလေးပါတယ်။ password နေရာမှာ

မှန်ဘီလူး လိုကြည့်လိုက်ရင်ပေါ်ပြီပဲ။ portable လည်းရှိပါတယ်။

အဲဒါထက်ဆိုးတာ တစ်ခုရှိတယ်ဗျ ... ။ ဒီလိုဗျာ .. keylogger လို့ခေါ်တယ် .. window စတက် ကတည်းက စအလုပ်လုပ်တယ်။

ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေတယ်။ tray icon လည်းမပေါ်ဘူး။ ရှိမရှိ မသိရဘူးပေါ့ဗျာ .. ။ သူက ခင်ဗျား keyboard မှာ

ရေးလိုက်သမျှ၊ mouse နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ မှတ်ထားပေးတယ်ဗျ .. ။ အဲဒါဆို ဘာတွေ ပါသွားမလဲ တွေးကြည့်လေ .. ။ ပထမဆုံး

gtalk sign in ၀င်မယ်ဗျာ .. ။ သွားပြီ user name ရော ၊ password ရော ။ နောက်ပြီးရင် ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ်ကြားတွေပြောမယ်၊

ဒါမှမဟုတ် လုပ်ငန်းပိုင်းတွေပြောမယ်။ တစ်ချို့တွေ credit card နံပါတ်တွေ ရိုက်မယ် အကုန်ကျန်ခဲ့တာဗျ .. ။ ဘယ်လောက် ဆိုးသွားနိုင်မလဲ

တွေးကြည့်ပေါ့ .. ။ အထူးသဖြင့် ဆိုင်ဘာ ကနေ သုံးရတဲ့လူတွေ .. ။ တွေးသာကြည့်ပါတော့ဗျာ ... (All in 1 key-logger ဆိုရင်

ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါမှတ်ပေးထားနိုင်တယ်၊ သတိထားနော်.. မင်းသား/မင်းသမီးတွေပါ ဖြစ်သွားမယ် ဟဟ)

အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျနော် ပြောပြပါ့မယ်။ ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့

အသိပေးပြောပြလိုက်ပေါ့ဗျာ .. ။ တကယ်ကျန်ခဲ့တယ်ဆိုတာ အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား .. ဟဟ software ရှာပြီး

စမ်းကြည့်ပေါ့ဗျာ .. ။ ကျနော် fileden မှာ host တင်ပြီးသားကို ရှိတယ်။ ဒါပေမယ့် မပေးဘူး .. အကျိုးမရှိဘူးလေဗျာ ... ။


ကဲ ကြာပါတယ် .. ကိုရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင် .. ။ Ctrl+Shift+Esc( or)Ctrl+Atl+ Del နဲ့

Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ဗျာ ။ ရှိတယ်ဆို keylogger

သုံးထားလို့ပေါ့ ။ အမြန်သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲကကိုယ်သုံးမယ့် gtalk

လောက်ပဲအိုကေထားပြီးကျန်တာတွေကို disable  သို့မဟုတ် end process ပေးလိုက်တာပါပဲ...

ဘာလို့ဆိုရိုးရိုးယူဆာတွေအနေနဲ့ကဘယ်လိုဖိုင်လ်ကအချက်အလက်တွေကိုရီကော့လုပ်တာလဲ

ဆိုတာမသိနိုင်တော့အန္တရာယ်ကင်းဘေးရှင်းအားလုံးကို end process လုပ်ပြီးကိုယ်သုံးတဲ့ကောင်ကိုပဲ

manually ခေါ်သုံးတာအကောင်းဆုံးပါပဲ။ဒီပို့စ်လေးကို ရေးပြီးမိတ်ဆွေတို့အားလုံးကိုပို့ရတဲ့

အကြောင်းရင်းကတော့ပြီးခဲ့တဲ့တစ်ရက်ကပဲကျွန်တော့်ကိုပြည်တွင်းက မိတ်ဆွေတစ်ယောက်ကကျောက်မြောင်းထဲက

အိုကေဆိုတဲ့အင်တာနက်ဆိုင်တစ်ဆိုင်မှာနိုင်ငံရေးလှုပ်ရှားသူတစ်ယောက်ပြည်ပနဲ့ဆက်သွယ်နေတာတွေ့လို့ဆိုပြီး

အဖမ်းခံရတယ်ပြောလို့ပြည်တွင်းကတတ်ကြွလှုပ်ရှားသူတွေအနေနဲ့နည်းပညာပိုင်းအရရှောင်လို့ရတဲ့အချက်လေးတစ်ချက်

အဖြစ်နဲ့တစ်ဘက်တစ်လမ်းကနေအထောက်အကူ ဖြစ်စေချင်လို့ပါပဲ..

မိတ်ဆွေတို့ရဲ့ပြည်တွင်းအဆက်အသွယ်တွေကိုဒီပို့စ်လေးကိုဖော်ဝဒ်လုပ်ပြီးပေးဖတ်ရင်း

သူတို့ရဲ့အန္တရာယ်ကင်းရေးအတွက်အထောက်အကူပြုကြပါခင်ဗျာ။


အထက်ပါပို့စ်လေးကိုဘလော့ဂါသံလုံငယ်ရဲ့ပို့စ်ကိုပြန်မှီငြမ်းထားပါတယ်။



No comments: