http://autocaddrawing.blogspot.com/
http://phawkq.blogspot.com/
http://mmhan.blogspot.com/
#tabsE { float:left; width:100%; background:#000; font-size:93%; line-height:normal; } #tabsE ul { margin:0; padding:10px 10px 0 50px; list-style:none; } #tabsE li { display:inline; margin:0; padding:0; } #tabsE a { float:left; background:url("LINK OF tableftE.gif") no-repeat left top; margin:0; padding:0 0 0 4px; text-decoration:none; } #tabsE a span { float:left; display:block; background:url("LINK OF tabrightE.gif") no-repeat right top; padding:5px 15px 4px 6px; color:#FFF; } /* Commented Backslash Hack hides rule from IE5-Mac \*/ #tabsE a span {float:none;} /* End IE5-Mac hack */ #tabsE a:hover span { color:#FFF; } #tabsE a:hover { background-position:0% -42px; } #tabsE a:hover span { background-position:100% -42px; }
အများသုံး အိမ်သာတစ်ခုထဲ ၀င်ပြီး ကမုတ်ထဲထိုင်ရုံ ရှိသေးသည်။ ဟိုဖက်အိမ်သာထဲက လူက လှမ်းနှုတ်ဆက်သည်။
“ဟေ့လူ. နေကောင်းလား…”
ဒီလိုနေရာမျိုးမှာ အလ္လာပသလ္လာပ စကားပြောရတာ စိတ်မသက်မသာ ရှိလှသည်။ မကောင်းတတ်တော့လည်း ပြန်နှုတ်ဆက်ရသည်ပဲပေါ့.
“ကောင်းပါတယ်. ကျေးဇူး”
အသေအချာ အကျအနထိုင်ပြီး ကိုယ့်ကိစ္စကို ဆက်ရှင်းမည် ကြံကာရှိသေး. အလိုက်မသိတတ်သော ငနဲသားက ထပ်မေးလာပြန်သည်။
“ခင်ဗျား ဘာတွေ အလုပ်ရှုပ်နေလဲဗျ.”
ဟာ… ဒီလူတော့ ခက်ပြီ. ဘာလဲကွာ… ဒီလိုနေရာမျိုးမှာ ဒီလို ဂွတီးဂွကျမေးခွန်းတွေ လာမေးနေတာ ဘာလဲ….
စိတ်ပေါက်ပေါက်နှင့် ဘုတောပစ်လိုက်သည်။
“ခင်ဗျားလိုပဲပေါ့ဗျာ.”
ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့ စိတ်ကူးလိုက်သည်။ ဒါပေမယ့် နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာပြန်သည်။
“ကျွန်တော်လာခဲ့မယ်ဗျာ. ရမလား”
ဗုဒ္ဓေါ……. ဒီလူ ဘယ်လိုလူလဲ. ဂေးလား. ဂျော်ရကီးလား. ဘာကောင်လဲကွာ…
ဘာပဲဖြစ်ဖြစ်. ကိုယ်ကျင်လည်ကျက်စားနေရာ နေရာမဟုတ်၍ သတိတော့ ထားနေရသည်။
ထောင်းခနဲ ထွက်လာသော ဒေါသကို အသာချိုးနှိမ်လျက် အသံ ခပ်အုပ်အုပ်ဖြင့် ပြန်ဖြေလိုက်သည်။
“မလုပ်နဲ့လေဗျာ. ကျွန်တော်လည်း ဒီမှာ အလုပ်ရှုပ်နေတာ..”
ဒုန်းခနဲ တံခါးဆောင့်ပိတ်သံ ကြားလိုက်ရပြီး ဟိုဖက်က ပြန်ပြောသည်။
“နောက်မှပဲ ပြန်ဆက်တော့မယ်. ဟိုဖက်အခန်းထဲက သောက်ပေါတစ်ကောင်က ရူးသလို နှမ်းသလိုနဲ့ ငါမေးသမျှ ပြန်လိုက်ဖြေနေလို့….”
( ဘော်ဒါတွေကို ရယ်ပါစေ ဆိုပြီး ကိုရန်အောင် ရဲ့Blog မှ ကူးယူဖေါ်ပြ လိုက်ပါတယ်။)
မကြာသေးမီက ဘီလ်ဂိတ်ဟာ သူ့ရဲ့ကမ္ဘာကျော်လုပ်ငန်းကြီးဖြစ်တဲ့ Microsoft ကို စိတ်ကုန်စွာနဲ့ ရောင်းထုတ်တော့မယ်လို့ ခိုင်လုံတဲ့ သတင်းရပ်ကွက်က ကြားခဲ့ရပါတယ်။ အဲဒီလို ရောင်းချင်စိတ်ပေါက်သွားရတာကတော့ Windows Operating System အသုံးပြုသူ တစ်ဦးထံမှ သူ့ထံကိုပေးပို့လိုက်တဲ့ စာတစ်စောင်ကြောင့်လို့ သိရပါတယ်။ ဒါနဲ့ ကျနော် Stanley လည်း ဘီလ်ဂိတ်ရဲ့ ရုံးခန်းထဲ ခိုးဝင်ပြီး အဲဒီစာကို ရှာဖွေရတော့တာပေါ့။ ကဲ.. မိတ်ဆွေတို့လည်း စိတ်ဝင်စားမယ်ထင်လို့ အဲဒီစာကို ကျနော် ရေးသားဖော်ပြလိုက်ရပါတယ်။
အကြောင်းအရာ။ ။ ကျနော်၏ကွန်ပျူတာအသစ်မှ ပြဿနာများ
လေးစားအပ်ပါသော မစ္စတာဘီလ်ဂိတ်ခင်ဗျား..
ကျနော်ဟာ အိမ်တွင် အသုံးပြုရန်အတွက် ကွန်ပျူတာအသစ်တစ်လုံး ၀ယ်ယူခဲ့ရာမှာ ပြဿနာအနည်းငယ် ကြုံတွေ့ရပါသဖြင့် သိရှိပါစေကြောင်း စာရေးသားလိုက်ရပါသည်။ ယင်းပြဿနာများမှာ-
-“Start” ဆိုသည့် ခလုတ်သာ ပါရှိပြီး “Stop” ခလုတ်ရှာမတွေ့ပါသဖြင့် ပြန်လည်စစ်ဆေးပေးစေလိုပါသည်။
-စနစ်အတွင်းတွင် “re-scooter” လုပ်ဆောင်မှု ပါ မပါဆိုသည့်အချက်ကို သိရှိလိုပါသည်။ “re-cycle” တစ်ခုသာ တွေ့ရပြီး ကျနော့်တွင် scooter တစ်စီးသာ ရှိသောကြောင့် ဖြစ်ပါသည်။
-“Find” ခလုတ်တစ်ခုပါရှိသော်လည်း ကောင်းစွာ အလုပ်မလုပ်ပါ။ ကျနော်၏ အမျိုးသမီးဖြစ်သူသည် တံခါးသော့ပျောက်သဖြင့် “Find” ခလုတ်ကိုနှိပ်၍ ရှာသော်လည်း သော့နှင့်ပတ်သက်၍ တစ်စွန်းတစ်စပင် ရှာဖွေမပေးနိုင်သဖြင့် ယင်းပြဿနာကို ဖြေရှင်းပေးလိုပါသည်။
-ကျနော်၏သားသည် ယခုအခါ “Microsoft Word” အား သင်ယူပြီးဖြစ်ပါသဖြင့် “Microsoft Sentence” ကို သင်ယူဆိုလိုသောကြောင့် မည်သည့်အချိန်တွင် ထုတ်လုပ်မည်ကိုလည်း သိလိုပါသည်။
-ကျနော်ဝယ်ခဲ့စဉ်က Computer ၊ CPU ၊ Mouse နှင့် Keyboard များ အားလုံးကို ၀ယ်ယူခဲ့သော်လည်း “My Computer” ပုံ တစ်ခုသာ တွေ့ရသောကြောင့် ကျန်ပစ္စည်းများအား မည်သည့်အချိန်တွင် ထည့်ပေးမည်ကို သိလိုပါသည်။
-ထို့ပြင် Windows မှ My Picture ဟု ဖော်ပြနေသည့်အထဲတွင် ကျနော်၏ပုံ တစ်ပုံမျှ ရှာမတွေ့သည်မှာ ထူးခြားလှပါသည်။ ထို့ကြောင့် မည်သည့်အချိန်တွင် ကျနော်၏ပုံကို ထည့်ပေးမည်ကိုလည်း ပြောပြပေးစေလိုပါသည်။
-Microsoft Office ကို တွေ့သော်လည်း ကျနော်သည် အိမ်တွင် ကွန်ပျူတာသုံးသူ ဖြစ်ပါသဖြင့် Microsoft Home ကို မည်သို့ ရရှိနိုင်ပါသလဲ။
-My Recent Documents ကို ထည့်သွင်းပေးထားသော်လည်း My Past Documents များအား မည်သည့်အချိန်တွင် ထည့်ပေးပါမည်နည်း။
-My Network Place (ကျနော်၏ ပေါင်းသင်းဆက်ဆံရာနေရာ) ကိုထည့်သွင်းထားပါသဖြင့် My Secret Place (ကျနော်၏ လျှို့ဝှက်နေရာ) ကိုတော့ မထည့်သွင်းစေလိုပါ။ ရုံးဆင်းလျှင် ကျနော်ဘယ်သွားသည်ဆိုသည်ကို ကျနော့ ဇနီးအား မသိစေလိုပါ ခင်ဗျာ။
လေးစားလျှက်
ဘင်တာဆင်း (Banta Singh)
စာကြွင်း။ ။ မစ္စတာဘီလ်ဂိတ်ခင်ဗျား.. လူကြီးမင်း၏အမည်မှာ Gates ဖြစ်သော်လည်း အဘယ်ကြောင့် Windows များကိုသာ ရောင်းချနေရပါသလဲ ခင်ဗျာ။
( ဘော်ဒါတွေကို ရယ်ပါစေ ဆိုပြီးStanley ရဲ့Blog မှ ကူးယူဖေါ်ပြ လိုက်ပါတယ်။)
Blog Title ကို "နက်ဖြန် အတွက်" လို့အမည်ပေးထားပြီး ဘာအကြောင်းရေး
ရရင်သင့်မလဲလို့ စဉ်းစားမိတယ်။
အမှန်အတိုင်း ပြောရရင် သူများ Blogs တွေဖတ်ပြီးအားကြပြီး ထစမ်းမိတာ။ မြန်မာ Bloggers တွေအားလုံးကို လေးစားအထင်ကြီး အားကြ မိပါတယ်။ ကျေးဇူးလဲတင်ပါတယ်။ သူတို့ကသူတို့လုပ်နိုင်တဲ့ကဏ္ဍတွေကိုစွမ်းစွမ်းတမံဆောင်ရွက်နေရင်းသူတို့တတ်တဲ့ပညာတွေကိုဖြန့်ဝေပေးနေသေးတယ်။
ကျုပ်လည်း သူတို့ဖြန့်ဝေပေး တဲ့အထဲက ကိုယ့်ဉာဏ်မှီသလောက် နဲ့ ဒီ "မနက်ဖြန် အတွက်" ကိုဖန်တီးမိတာပါ။
"ဘယ်သူတွေက မနက်ဖြန်မှာ ဘာကိုမျှော်လင့်နေလဲ"
ကျုပ်နဲ့ နီးစပ်ရာထဲက စပ်စုမိတာ ရေးပြမယ်။ မနက်ဖြန် လာမည်ပေါ့ဗျာ
လေးစားလျှက်
ကိုကိုစိုး