#tabsE { float:left; width:100%; background:#000; font-size:93%; line-height:normal; } #tabsE ul { margin:0; padding:10px 10px 0 50px; list-style:none; } #tabsE li { display:inline; margin:0; padding:0; } #tabsE a { float:left; background:url("LINK OF tableftE.gif") no-repeat left top; margin:0; padding:0 0 0 4px; text-decoration:none; } #tabsE a span { float:left; display:block; background:url("LINK OF tabrightE.gif") no-repeat right top; padding:5px 15px 4px 6px; color:#FFF; } /* Commented Backslash Hack hides rule from IE5-Mac \*/ #tabsE a span {float:none;} /* End IE5-Mac hack */ #tabsE a:hover span { color:#FFF; } #tabsE a:hover { background-position:0% -42px; } #tabsE a:hover span { background-position:100% -42px; }

Monday, 1 February 2010

၂၀၁၂ နေရာသစ်

နောက်ဆုံးတော့ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ၂၀၁၂ ကတော့ ရောက်လာမှာပါ။ ၂၀၁၁ မှာ အဲဒီ ၀င်တိုက်မယ့် ဂြိုဟ်ကို တွေ့ရမယ်လို့ပြောတယ်လို့လည်းသိရပါတယ်။ တကယ်လို့သာ သိသာတဲ့ အကြောင်းအရင်းကို တွေ့ရမယ်ဆိုရင် ... လူတွေဘာတွေဆက်လုပ်ကြမလဲဆိုတာစိတ်ဝင်စားစရာကောင်းနေပါတယ်။

တချို့လည်းတောထွက်ဖို့ နေ့ရွေ့ညရွေ့လုပ်နေတာ ၂၀၁၂ မတိုင်မီထွက်မှဆိုတာကောင်းကောင်းကြီးနားလည်သွားတယ်။

တချို့လည်း အခုအချိန်ကစပြီး သုံှးနှစ်အတွင်း မသောက်တော့ရင် နောက် ဘီယာရှိတဲ့ ကမ္ဘာကို ဘယ်လောက်စောင့်ရမယ်မပြောတတ်ဘူးလို့ကြုံးဝါးပြီးတစ်နေ့တစ်နေ့ပိုပိုသောက်လာကြပါပြီ။ ၂၀၁၂ မှာ belly ချပ်ချပ်ရပ်ရပ်လေးဖြစ်အောင် လေ့ကျင့်ခန်းလုပ်နေတဲ့သူတွေလည်း ဗိုက်ချပ်ပြီးသေတော့ရောဘာထူးလဲဆိုပြီး အဆီလျှော့မထားတဲ့နွားနို့တွေ တစ်ပတ်နှစ်ဗူး သုံးဗူးပြန်သောက်နေပါပြီ။

တစ်ချို့လည်း ဖုံတက်နေတဲ့ ချိတ်ပုတီးတွေကို အခု ပုံမှန်ပြန်စိပ်နေပါပြီ။ လခတိုးပြီးရဖို့ကြိုးစားတော့လဲ အလကားပဲလို့ပြောစပြုလာကြပါပြီ။ သေရင်ပြီးပြီဆိုသူတွေလည်း ပိုပြုံးလာတာကိုတွေ့ရပါတယ်။ တစ်ချို့တွေကတော့ နေရတာတန်လားမတန်လား အငြင်းပွားလာပါပြီ။ တစ်ချို့ကလည်း ကြောက်တာကိုမသိမသာဖြစ်အောင် အလကား မဟုတ်တမ်းတရားတွေပါလို့ မယုံမရဲပြောရင်း မျက်နှာတွေဖရိုဖရဲဖြစ်နေပါပြီ။(မျက်နှာပျက်သည်ဟုပြင်ဆင်ဖတ်ရှုပါရန်)။

မသေရင် ကိစ္စမရှိပါဘူး ..။ သေရင်တော့ ကိစ္စရှိပါတယ်။

အားလုံးတပြိုင်နက်သေမယ့်အရေးထက်ပျော်စရာကောင်းတာမရှိပါဘူး။ သေရတာက ကြောက်စရာကောင်းတာမဟုတ်ပါဘူး။

ငရဲကို တပြုံကြီးရောက်သွားတယ်ဆိုပါစို့။ နည်းနည်းစိုးရိမ်စရာရှိတာက ငရဲမှာ ၀န်ထမ်းမလုံလောက်တော့ ဆီနဲ့မကြော်ဘဲ ဘာဘီကျူးပဲလုပ်လိုက်ရင်မချောင်ဘူး။ ငရဲသားက သေချာမနှိပ်စက်ဘဲ ဖြစ်သလိုကြော်လိုက်ရင်လည်း နီကြွပ်ကြွပ်လေးမဖြစ်ဘဲ တခြမ်းတူးသွားတာမျိုး၊ ပဲခွပ်နဲ့ရွေခုတ်တာ ချော်ပြီး အသားတွေက အမြောင်းလိုက်လေးပါမသွားဘဲ ဆံပင်မညှပ်တတ်ညှပ်တတ်နဲ့ ဆံသသမားညှပ်ထားတဲ့ဆံပင်လို ကျိုးတိုးကျဲတဲတွေဖြစ်ကုန်မယ်။ ဒါကလည်းခဏပါ။

ငရဲခွေးတွေကလည်း လူတွေအများကြီးရောက်လာတော့ ကိုက်ရတာမောပြီးသေကုန်တယ်။လူတွေတင်ကိုက်ရတာမဟုတ်ဘူးလေ။ အင်းဆက်ဘ၀ရောက်နေကုန်သော ဝေနေယျတွေပါသေးတယ်။ ပုရွက်ဆိတ်တစ်ကောင်ကိုဆို မိမိရရကိုက်ဖို့ သုံးရက်လောက် အားထုတ်ရတယ်။ ကြည့်လေအခုဆို တကမ္ဘာလုံးက ပုရွတ်ဆိတ်တွေကို ကိုက်ရမယ့် ငရဲခွေးဆို သူ့ခေါင်းကိုသူထုထုပြီးကို အူနေတော့တာ။ ပိုဆိုးတာက ငရဲကိုထပ်ချဲ့ဖို့ ဘတ်ဂျတ်မရှိဘူး။

တရုတ်ပြည်ကရောက်လာတဲ့သူတွေကိုကြတော့ တရုတ်ငရဲထိန်းတွေက စက်နဲ့ရိုက်ရတယ်။ ဒါတောင် စက်က မရိုက်နိုင်တော့ဘူး။ ပင်နီယံတွေကြွေကုန်တာ။ ငရဲမင်းကြီးလည်းခြေမကိုင်မိ လက်မကိုင်မိ၊ တခါတခါယောင်ယမ်းပြီး ခြေမ ကိုက်မိ၊ လက်မ ကိုက်မိတွေပါ ဖြစ်လာသေးတယ်။ အရင်က ကျယ်လှပါပြီဆိုတဲ့ ကြေးအိုးကြီးငရဲဆိုပါတော့။ အခုလူတွေရော ကြံ့တွေရောဆင်တွေရော၊မျောက်တွေရောငါးတွေရော .... ပိုးလောက်လမ်းတွေရော ဖြုတ်တွေရော၊ သမင်၊ဒရယ်။ချေ၊ငယ်၊ဆိုင်၊ဆတ်၊ဖွတ်၊ပဒတ်တွေရော၊ ကြည်းရေလေသက်ရှိတွေ (၀က်၊ လိပ်နဲ့ ငှက်တွေ) ရော ၊ မိချောင်းမင်းတွေရော ၊ ဖွတ်မိချောင်းဖြစ်တွေရော၊ ကံဆိုးမရော၊ လှံပစ်သမားပါ အစုံအလင် တစုတဝေးထဲ တစ်အိုးတည်းဝင်ထိုင်တော့ ခမ်းသွားတယ်။

အရင်က ကုလားဖြူစကားနဲ့ sinners လို့ခေါ်တဲ့သူတွေက အခုတော့ ငရဲမှာ ဆင်းနားနေရသလိုဖြစ်လာတယ်။ ဆီတွေလည်းခမ်းပြီး။ ငရဲခွေးတွေလည်းသွားကျိုးကုန်ပြီ။ ငရဲထိန်းတွေလည်း လှံတွေကောက် စိတ်တွေကောက်ဖြစ်ကုန်ပြီ။ ဆူးပင်တွေလည်း တက်တဲ့သူများလွန်းတော့ ဆူးတွေကျွတ်ပြီး နောက်ဆုံးချောတိုင်လိုလိုကိုဖြစ်သွားတယ်။

အ၀ီစိမှာ ဂျိုးကပ်ဖို့နေနေသာသာ အ၀ီစိကိုက ငါးပိအိုးလိုဖြစ်နေတယ်။ သစ်ပင်တွေ နာဂစ်မှာပါသွားတော့ ရုက္ခစိုးတွေ ခြေသလုံးအိမ်တိုင်လျှောက်သွားရင်း ညဉ့်နက်လမ်းသွား ဖြစ်ကုန်တာနဲ့ ကမ္ဘာပျက်တော့ အ၀ီစိရောက်လာတာတင်မနည်းဘူး။ ငါးသလောက်ဥစားမိတဲ့သူတွေနဲ့ ဥနဲ့ပုစွန်စားတဲ့သူတွေလည်းအဲဒီမှာပဲ။ အားလုံးညပ်နေတာနဲ့ အ၀ီစိလည်း ဂျမ်းဖြစ်သွားတယ်။ ရဲကတာဝန်ကျသူတွေကလည်း တော်ပါပြီဗျာ နှိပ်စက်နေတော့လည်း ကျုပ်တို့က ငရဲပြန်ကြီးတာပဲအဖတ်တင်တယ်။ နေသာသလိုနေပါတော့။ နောက်ကမ္ဘာပြန်ဖြစ်မှ အေးအေးပြန်ပါတွေဘာတွေဖြစ်ကုန်တယ်။

နတ်ပြည်ကပိုဆိုးသေးတယ်။ အားလုံးက နတ်သားတွေချည်းဖြစ်တယ်။ နတ်သမီးရမလားလို့လိုက်ရှာတော့ All male Nats ဖြစ်နေတယ်။ (မယ်တော်မိနတ်သားဖြစ်သည်ကို သတိပြုပါ။ မယ်တော်မိနတ်သမီးမဖြစ်ပါ။) နည်းနည်းကြာတော့ အားလုံးက ရုပ်ပျက်လာတယ်။ နတ်ပြည်နတ်ပြည်နဲ့ အဲကွန်းမရှိ၊ရေခဲမုန့်မရှိ၊ ကိုးရီးယားကားမရှိ၊ shopping mall မရှိ၊ ဘောလုံးပွဲမရှိ၊

Golf Club မရှိ၊ ဘာရှိလဲတောင်ပြန်မေးယူရတယ်။ ဘာမှကိုမရှိတာ။ လမ်းမှာက ရွှေတွေနဲ့ ရွှေမှသုံးလို့မရတာ ဘာလုပ်မလဲ။ တစ်ယောက်တစ်လှည့် သိကြားမင်း အလှည့်ကျဖြစ်နေရတာ ကြာတော့ သေချင်စော်နံလာတယ်။

နတ်သားတွေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ချုံးပွဲချငိုနေကြတယ်။ မြောက်ကျွန်းကိုသွားဖို့ အားလုံးကတိုင်ပင်တယ်။ နတ်ဖြစ်ပြီး နတ်သမီးမရှိတဲ့ဘ၀ဟာ ဖောင်အကြီးကြီးစီးမိပြီး ရေအကြီးကြီးငတ်နေတဲ့ သူဆင်းရဲနဲ့တူတယ်လို့ပြောလာကြတယ်။ မြောက်ကျွန်းကိုနတ်တွေအားလုံးသွားကြတယ်။ စာတွေအရတော့ မိန်းမချောတွေအပြည့်ဆိုတာကိုး။

မြောက်ကျွန်းရောက်တော့ နတ်တွေအားလုံးခွေခနဲလဲကျသွာတယ်။ ... မြောက်ကျွန်းဆိုတဲ့ ဆိုင်းဘုတ်တောင်ပြင်ထားပြီးသားဖြစ်နေတယ်။ အခြောက်ကျွန်းဖြစ်နေပြီ။ အလှတွေ အလွန်ပြင်ရင်း တစတစ အခြောက်တွေ မြောက်ကျွန်းရောက်လာတာကနေစပြီး ဒီလိုဖြစ်ကုန်တာလို့ ပြောတယ်။ ဒါဝင်ရဲ့ အီဗော်လူးရှင်း သီအိုရီကို နတ်တွေအားလုံး မချိတင်ကဲလက်ခံလိုက်ရတယ်။ အားလုံးက နတ်ဖြစ်ရတဲ့ ဒုက္ခဆိုတဲ့ သီချင်းကို ခပ်ယဲ့ယဲ့လေးညည်းပြီး နတ်ပြည်ပြန်ကြတယ်။

ဗြဟ္မာတွေလည်း ထပ်ခိုးအထိပြည့်နေတယ်။ ရူပဗြဟ္မာတွေက စိတ်မရှိဘဲရုပ်ပဲရှိတယ်ဆိုတော့ ထပ်ခိုးထပ်လုပ်ဖို့သစ်သားမရှိတဲ့အခါ ရူပဗြဟ္မာတွေကို ခဏသုံးလိုက်ရတယ်။ သူတို့ကစိတ်မဆိုးပါဘူး။ စိတ်မှမရှိဘဲ။ ဗြဟ္မာတွေက လူကောင်ထွားတော့ ရောက်လာသမျှချုပ်ပေးနေရတဲ့ ဗြဟ္မာကြီးတ၀င်းဝင်းဖက်ရှင်ဆိုင်က အပ်ထည်တွေမနိုင်တော့ဘူး။ ဈေးကွက်စီးပွားရေးအရနောက်ရောက်တဲ့ဗြဟ္မာဆို စွပ်ကျယ်ချိုင်းပြတ်ပဲရတယ်။ ဗြဟ္မာကြီးတ၀င်းဝင်းရဲ့ brand တ၀င်းဝင်းကိုတော့ ထုံးစံအတိုင်း ရွှေစာလုံးနဲ့ထိုးပေးပါတယ်။ ဒါကလည်း သူတို့က ပရိတ်သတ်ကြီးကို စေတနာတုံ့ပြန်နေတာပါလို့ ပြောပါတယ်။

၃၁ ဘုံမှာ ဘုံပျောက်သွားတဲ့လူတွေဖြစ်ရတာ နည်းနည်းတော့ ကသိကအောင့်နိုင်တာပေါ့။ ဘယ်ဘုံက ဘယ်ဘုံထက်သာသေးလို့လဲ ...။ အားလုံးအတူတူသေပြီဆိုမှဖြင့် ငိုမယ့်သူက ကိုယ်နဲ့ပါလာတော့သေရတာ နည်းနည်းအရသာပျက်တာမျိုးတော့ရှိကောင်းရှိမယ်။ နတ်ပြည်ရောက်တော့ အကုန် အထီးတွေဖြစ်နေတဲ့အခါ နည်းနည်းတော့ ခေါ်ရတာ ထောက်သွားတယ်။

အရင်က ၂ပေတစ်လက်မက အခု ငါးလုံးခုနစ်ဖက် ခြောက်ဂါဝုတ် ဖြစ်လာတော့ ရယ်မိကောင်းရယ်မိနိုင်တယ်။ နည်းနည်းပြင်ဆင်ထားရတာပေါ့။ စကားမပီတဲ့သူကတော့ခက်တယ်။ နတ်တွေက ပါဠိလိုပြောရမယ်ဆိုတာနဲ့ ဘာသာစကားသင်ရခက်တယ်။ သိပ်တော့လည်းကိစ္စမရှိပါဘူး.. လက်ဟန်ခြေဟန်နဲ့ကြိုးစားပြောကြည့်ရတာပေါ့။

ဘယ်ဘုံမှာပဲပြန်တွေ့တွေ့ ... လူတွေများများရှိလာတဲ့နေရာဟာ .... ကမ္ဘာဆန်နေဦးမှာပါ။ ။



Read More...

Monkeys and Banana




Read More...

Wednesday, 19 August 2009

လူသားဗုဒ္ဓ

ကျေးဇူးတင်လွာ

ဓမ္မ၀ိဟာရီ ရှင်ဥာဏရေးသားတဲ့ "ဘုရား" စာအုပ်လေးကို ဒီကနေ အစအဆုံး မျှဝေသွားဖို့ပါ။ ဒီစာအုပ်ကို ပထမဆုံး နေးတစ်မြန်မာဖိုရမ်ရဲ့ ဘာသာရေး ခေါင်းစဉ်အောက်မှာ BUDDHA ဆိုတဲ့ အမည်နဲ့ ကိုထက်အောင်ကနေ စာရိုက်ပြီး တင်ပေးခဲ့တာ ဖြစ်ပါတယ်။ ပြီး အဲဒီအထဲက ပို့စ်အားလုံးကို ကူးယူပြီး ကိုအန်ဝိုင်စီဘွိုင်းက ပီဒီအက်ဖ်ဖိုင် လုပ်ပေးပါတယ်။ အခု ပို့စ်အားလုံးကိုတော့ ကိုအန်ဝိုင်စီဘွိုင်းရဲ့ ပီဒီအက်ဖ်ဖိုင်မူထဲကနေ တစ်ဆင့်ကူးပြီး ဖော်ပြသွားမှာပါ။ ၀င်းကလောကနေ ဇော်ဂျီကိုတော့ ကိုညီလင်းဆက် စုစည်းထားတဲ့ မြန်မာဘလော့ဂ်လမ်းညွန်ထဲက ကို Lil Master ရဲ့ Font Converter နဲ့ ပြောင်းယူ ပါတယ်။

ဒီ "ဘုရား" စာအုပ်ကို အခုလို ဘလော့ဂ်ထဲမှာ လွယ်လွယ်ကူကူ ဖတ်ရှုနိုင်အောင်အထိ ပါဝင် လုပ်ဆောင်ပေးခဲ့ကြတဲ့ မူလကျမ်းပြုဆရာတော်အပါအ၀င်
သယံဝသီ ကိုထက်အောင်၊ ကိုအန်ဝိုင်စီဘွိုင်း၊ ကိုညီလင်းဆက်၊ ကို Lil Master တို့ အားလုံးကို ကျေးဇူးတင်ပါကြောင်း စာဖတ်သူများ ကိုယ်စား ပြောပါရစေ...။


 

ကိုကိုစိုး


 


 

နိဒါန်း


 

ဘုရားသိဖို့လို
ဗုဒ္ဓဘာသာဝင်တို့ရဲ့ တရားဓမ္မဆိုင်ရား အရင်းအကျဆုံး လမ်းညွှန်ဆရာဟာ ဘုရားပဲဖြစ်တယ်။ ဘုရားဟာ လောကအား လွတ်လပ်မှုကို ဖော်ထုတ်ပေးခဲ့တယ်။ လွတ်လပ်မှုကို လိုလားကြတဲ့ ဗုဒ္ဓဘာသာဝင်များဟာ ဘုရားရဲ့ ဖော်ထုတ်ချက်တွေကို ဆည်းကပ်ကြရတယ်။ လွတ်လပ်မှုဖော်ထုတ်ချက်များဟာ ဆည်းကပ်သူများနှင့် အချိန်ကာလ နေရာဒေသနှင့် ဟောပြောသူ လူမျိုးအားဖြင့် အများကြီး ခြားခဲ့ပြီဖြစ်လို့ ဖော်ထုတ်ချက်ကို နားလည်နိုင်ရန် အတော်အတန်အထိ ပြည့်စုံအောင် လေ့လာရဖို့ရှိတယ်။ ဘုရားသက်ရှိထင်ရှားရှိစဉ်က တရားမြင်မှ သူ့ကိုမြင်မယ်လို့ ပြောခဲ့တယ်။ ဘုရား မရှိတာကြာပြီဖြစ်တဲ့ အခုအချိန်မှာ တရားသိဖို့က အခက်ဖြစ်နေခဲ့ပြီ။ တရားကို မှန်းကြည့်ပြီး သိနေခဲ့ရပြီ။ ဒီတော့ ဘုရားကိုလည်း မှန်းကြည့်ပြီးမှပဲ သိနေခဲ့ရပြီ။

ဘုရားပုံမှုန်ဝါးဝါး
ဒါကြောင့် ဘုရားပုံဟာ မှုန်ဝါးပြီး အမှားမှားအယွင်းယွင်း အချွတ်ချွတ် အချော်ချော်တွေ ဖြစ်ခဲ့ရပြီ ဖြစ်တယ်။ ဘုရားက ခေါင်းပေါ်မှာလည်းဆံထုံးကြီးနဲ့။ တချို့ဘုရားကျတော့ ဥသျှောင်တွေ၊ စလွယ်တွေ၊ လက်ကျပ်တွေ၊ ခါးစီးတွေ ၀တ်ထားလို့။ ဘုရားကိုယ်က ရောင်ခြည်တန်းတွေလည်း တ၀င်းဝင်း တလျှပ်လျှပ် ထွက်နေတယ်။ မြေလျှိုးမိုးပျံတွေလည်း ဘုရားကလုပ်လို့ရနေတယ်။ ဘုရား အရပ်အမောင်းကလည်း ဆယ့်ရှစ်တောင် ရှိတဲ့အထိဖြစ်တယ်။ ဘုရားဟာ တန်ခိုးမပြရဘူးဆိုတဲ့ သူချမှတ်တဲ့ စည်းကမ်းကို သူမလိုက်နာဘဲ တန်ခိုးပြပြီး နတ်ပြည်လည်းတက်အဘိဓမ္မာလည်း ဟောခဲ့တဲ့အထိ ရှိနေပြီ။ ဘုရားဟာ သတ္တ၀ါတွေကို ချွတ်လွှတ်ဖို့ရန် ခွေးတွေ၊၀က်တွေ၊နွားတွေလည်း ဖြစ်ခဲ့ဖူးတယ်။ သူတောင်းစား၊ အလုပ်သမား၊ မင်း၊ အမတ်တွေအဖြစ် တပြောင်းတပြန် ပြုလုပ်နေသူ ဖြစ်တယ်။ ဒီလို အစစတွေ ပေါင်းလိုက်ရင် ဘုရားဟာ သူသိဖူးတာနဲ့ ဆက်စပ်မရရင် ဘာသိလို့ ရမှာလဲ။

တရားမှုန်လို့ဘုရားမှုန်
ဘုရားဆီမှာ လူ့အသိနဲ့ ဆက်စပ်မရတာတွေ ရှိနေတယ်လို့ သိကြတာဟာ လူတွေတရားမှာ မှုန်ဝါးရာက ဖြစ်လာတဲ့ မှုန်ဝါးတဲ့ ဘုရားပုံတွေပဲဖြစ်တယ်။ ဒီနေ့တော့ ဒီပုံတွေက လူတွေကို လွှမ်းမိုးနေကြပြီ။ မှုန်ဝါးဝါး ဘုရားပုံတွေဟာ တရားလေ့လာသူတွေကို တရားအမှန်သိဖို့ရာ အနှောင့်အယှက်တွေ ဖြစ်စေလိမ့်မယ်။ မှုန်ဝါးဝါး ဘုရားရဲ့ ဟောကြားချက်ဟာ မှုန်ဝါးဝါးတရားပဲဖြစ်နေမှာပဲ။ မှုန်ဝါးဝါးတရားက လူတွေကို လွတ်လပ်ရာဆီ ဘယ်လိုသယ်မှာလဲ။

တရားပြောဖို့ဘုရားမှန်လို
ဒါကြောင့်လူတွေလွတ်လပ်ဖို့အတွက် တရားကိုပြောရမှာ ဖြစ်ပေမယ့် မှုန်မှုန်ဝါးဝါး တရားပြောလို့မဖြစ်ဘူး။ မှုန်မှုန်ဝါးဝါး တရားမပြောရင် လူတွေသိနေကြတဲ့ မှုန်ဝါးဝါးဘုရားက ကန့်ကွက်လိမ့်မယ်။ ဒါကြောင့် ဘုရားမပြောခင် မှုန်မှုန်ဝါးဝါး မဟုတ်တဲ့ဘုရားကို လက်ဦး ပြောရမှာဖြစ်တယ်။

ဘုရားဆိုတဲ့ဝေါဟာရ
ဘုရားအကြောင်းပြောတဲ့အခါမှာ ဘုရားဆိုတဲ့ အခေါ်ကစပြီး ပြောရမယ်။ ဘုရားကို ဘုရားလို့ခေါ်တာဟာ မြန်မာတွေက ခေါ်တာပဲ။ ကျန်တဲ့ ဗုဒ္ဓဘာသာတွေက ဘုရားကို ဘုရားလို့ ဘယ်သူကမှ မခေါ်ကြဘူး။ ပါဠိအဘိဓာန်မှာ လာတဲ့ ဘုရားရဲ့ ပရိယာယ်တွေထဲမှာ ဘုရားဆိုတာ မပါပါဘူး။ ဗမာတွေဟာ ရှေးအခါက ဘုရင်တွေကို ဘုရားလို့ ခေါ်ခဲ့ကြတဲ့ပုံ ရှိတယ်။အဓိပ္ပာယ်ကတော့ ခေါင်းဆောင်ရှေ့သွား ဖြစ်သူလို့ ရမှာပါ။ ဘုရင်ဟာ သူတို့ရဲ့ ရှေ့သွားခေါင်းဆောင်ဆိုတော့ ဘုရင်ကို ဘုရား ခေါ်တာဟာ မသင့်မြတ်တာ မဟုတ်ဘူး။ ဘုရားဟာ ဘုရင်တွေရဲ့ ရှေ့သွားခေါင်းဆောင်ပင်ဖြစ်တာကြောင့် ဘုရားကိုလည်း ဘုရားလို့ပဲ ခေါ်တော့တာပေါ့။

ဒီဝေါဟာရဟာ ဟိန္ဒူတွေဆီကရကြတာထင်ပါတယ်။ ပုဂံကျောက်စာတွေထဲမှာ ဘုရားကို ဒီနေ့အသံနဲ့ ခေါ်တာ မဟုတ်ဘူး ။ ပုရှားလို့ခေါ်တယ်။ ပုရုရှက ပြောင်းလာတဲ့ စကား ဖြစ်တယ်။ ပုရှဟာ ပုရိသနှင့် အနက်တူသဒ္ဒါပဲ။ ပုရှက ဘုရားဖြစ်လာတယ်။ ဘုရားလက်ထက်က ဘုရားဝေါဟာရ ဘုရားလက်ထက်ကတော့ ဘုရားကို ရဟန်းတွေက သတ္ထာတို့ ဘဂ၀ါတို့နဲ့ ခေါ်ကြပုံရှိတယ်။ သာသနာပက ပုဂ္ဂိုလ်တွေကတော့ သမဏာဂေါတမလို့ခေါ်ကြတယ်။ ဒီနေ့ ကမ္ဘာအနှံ့ နှိင်ငံတကာကတော့ ဗုဒ္ဓတို့ သကျမုနိတို့ ခေါ်ကြတယ်လို့ သိရတယ်။


 

ဗုဒ္ဓ (၁)


 

ဘုရားရဲ့ငယ်နာမည်
အဲဒီဘုရားဟာ မွေးဖွားစဉ်ကတည်းက ဘုရားအဖြစ် မွေးလာတာမဟုတ်ဘူး။ မွေးဖွားပြီး အသက်(၃၅)နှစ် ရတဲ့အခါမှ ဘုရားအဖြစ်ရသူဖြစ်တယ်။ သူမွေးဖွားစဉ်က လူမိဘနှစ်ပါးမှ လူကလေး တစ်ဦးပဲဖြစ်ခဲ့တယ်။ သူ့ရဲ့လူအမည်က သိဒ္ဓတ္ထပဲ။

ဘုရားမွေးမြေနဲ့ လူမျိုးနွယ်
သိဒ္ဓတ္ထဟာ အိန္ဒိယနိုင်ငံ ဟိမ၀န္တာတောင်တန်းကြီးရဲ့ တောင်ဘက် တောင်ခြေအနီးက တိုင်းပြည်ကလေးတစ်ခုမှာ မွေးဖွားခဲ့တယ်။ သိဒ္ဓတ္ထဟာ သကျလူမျိုးထဲက လူတစ်ယောက်ဖြစ်တယ်။ သကျလူတွေဟာ အဲဒီ ဟိမ၀န္တာတောင်တန်းကြီးရဲ့ အနီးက တောင်ခြေတစ်လျှောက် စီးဆင်းလာတဲ့ မြစ်ကလေးတစ်ခု ၀န်းကျင်မှာ မြို့ပြပြည်ရွာများတည်ပြီး နေကြတဲ့ပုံရှိတယ်။ သိဒ္ဓတ္ထမွေးဖွားတဲ့ တိုင်းပြည်ရဲ့ အမည်က ကပိလ၀တ္ထု ပဲ။ ကပိလ၀တ်လို့ ဗမာတွေကခေါ်ကြတယ်။

ဘုရားမိဘ
သကျလူမျိုးမှာ အနွယ်တွေလည်း ရှိသေးပုံရှိတယ်။ သိဒ္ဓတ္ထအနွယ်ကတော့ ဂေါတမ နွယ်ပဲ။ သိဒ္ဓတ္ထဖခင် သုဒ္ဓေါဒနက ဂေါတမနွယ်ဖြစ်တယ်။ သိဒ္ဓတ္ထရဲ့မိခင် မာယာကတော့ ကပိလ၀တ်ပြည်သူမဟုတ်ဘူး။ ကောလိယ ပြည်သူ သကျလူမျိုးပဲ။ သူ့မိဘနှစ်ပါးဟာ အချင်းချင်း ၀မ်းကွဲမောင်နှမ တော်စပ်သူများပဲ။

ကပိလဂုဏ်ရည်
ကပိလ၀တ္ထုပြည်ဟာ တိုင်းကြီးပြည်ကြီးတစ်ပြည်မဟုတ်ပေမယ့် အယူအဆရေးရာမှာ ထင်ရှားကျော်ကြားတဲ့ တိုင်းပြည်တစ်ပြည်ဖြစ်စရာရှိတယ်။ ကပိလ၀တ္ထုဆိုတဲ့ အတိုင်း ကပိလရဲ့ မြေနေရာ ဖြစ်ဟန်ရှိပါတယ်။ ကပိလရသေ့ကြီး တောကျောင်းနယ်ပယ်ဧရိယာဖြစ်တဲ့ တိုင်းပြည်ပေါ့။ ဒီနေ့ ဗမာပြည်က သာမညတို့ အလံတရာတို့လို တောကျောင်းမှာ လာရောက်ဆည်းကပ်မှီခိုကြသူတွေရဲ့ အိမ်စု၊ ကျေးရွာ၊ နယ်ပယ်၊ မြို့ပြဖြစ်သွားတဲ့ တိုင်းပြည်ဖြစ်ပုံ ရှိပါတယ်။ ပိလသဘောတရားနဲ့ လွှမ်းမိုးအုပ်ချုပ်တဲ့ တိုင်းပြည်ပေါ့ ။
သိဒ္ဓတ္ထမွေးဖွားချိန်မှာ အုပ်ချုပ်သူက သုဒ္ဓေါဒန ၊သဘောတရားရေးက ဒေ၀ိလဖြစ်နေတာ တွေ့ရတယ်။ ဒေ၀ိလဟာ ကပိလရဲ့ တပည့်အဆက်ပဲ ။ သုဒ္ဓေါဒနကတော့ ကပိလလက်ထက်က လူအစုကို အုပ်ချုပ်သူရဲ့ အဆက်ပဲဖြစ်ပါတယ် ။ ကပိလ ဖော်ထုတ်သွားတဲ့ ဒဿနဟာ သင်္ချပဲ။ ဒီဒဿနဟာ ဒီနေ့တော့ ဟိန္ဒူဒဿနဖြစ်နေတယ်။ ဒီဒဿနရဲ့ အရှိန်အ၀ါဟာ ဒီနေ့အထိ ထွန်းလင်းတောက်ပဆဲပဲ ရှိသေးတယ် ။ ဒီတော့ကပိလဟာ အနွယ်သစ်တစ်ခုဖြစ်ပြီပေါ့။ အဲဒါက အမြတ်ဆုံးအနွယ် ဆိုတဲ့ ဂေါတမပဲ။ ဂေါတမဟာ အမြတ်ဆုံးအနွယ်ဆိုတာရဲ့ အမည်ပဲ။ မွေးဖွားချိန်မှာ အုပ်ချုပ်သူက သုဒ္ဓေါဒန ၊ သဘောတရားရေးက ဒေ၀ိလဖြစ်နေတာ တွေ့ရတယ်။ ဒေ၀ိလဟာ ကပိလရဲ့ တပည့်အဆက်ပဲ ။ သုဒ္ဓေါဒနကတော့ ကပိလလက်ထက်က လူအစုကို အုပ်ချုပ်သူရဲ့ အဆက်ပဲဖြစ်ပါတယ် ။


 

ဗုဒ္ဓ (၂)


 

ဘုရားမွေးနှစ်
သိဒ္ဓတ္ထရဲ့မိဘနှစ်ပါးဟာ သိဒ္ဓတ္ထအမည်မှည့်ရမယ့် သားငယ်ကလေးကို သူတို့ရဲ့သကျမင်းနှစ်ခြောက်ဆယ့်ခုနှစ် ကဆုန်လပြည့်နေ့မှာမွေးဖွားပေးခဲ့ကြတယ်။ အခုသာသနာနှစ် မတိုင်မိ အနှစ်ရှစ်ဆယ်က ဖြစ်တယ်။ သိဒ္ဓတ္ထမိခင်ဟာ အသက်ငါးဆယ်ကျော်မှ ကိုယ်ဝန်ရပြီး သိဒ္ဓတ္ထကိုမွေးဖွားခဲ့တာဖြစ်တယ်။ သူ့ဇာတိတိုင်းပြည်အသွား နယ်ခြားတောထဲမှာ မွေးဖွားခဲ့တယ်။ မွေးဖွားပြီးမကြာမီပဲသိဒ္ဓတ္ထမိခင်ကွယ်လွန်တယ်။ သိဒ္ဓတ္ထကို သူ့မိခင်ရဲ့ညီမဂေါတမီက မွေးမြူခဲ့ရတယ်။ ဂေါတမီကလည်းသူ့ဖခင်ရဲ့မိန်းမပါပဲ။ သူ့မှာလည်း ကလေးနှစ်ယောက်ရှိတယ်။ သိဒ္ဓတ္ထရဲ့အစ်မနဲ့ညီပေါ့။ သိဒ္ဓတ္ထရဲ့ဖခင်ဟာ သိဒ္ဓတ္ထကို သူ့အရိုက်အရာကိုဆက်ခံမည့်သူအဖြစ် ကောင်းမွန်စွာစောက်ရှောက်ခဲ့တယ်။ သိဒ္ဓတ္ထအတွက် ပြဿာဒ်သုံးခုဆောက်ပေးခဲ့တယ်။ ဆောင်း၊ နွေ၊ မိုး မျှတဖို့တွေပေါ့။

ဘုရားလူလားမြောက်
သိဒ္ဓတ္ထဟာ အသက်တစ်ဆယ့်ခြောက်နှစ် ရောက်တဲ့အခါ ကောလိယမင်းရဲ့သမီးနှမ၀မ်းကွဲတော်သူ ယသော်ဓရာနှင့် ထိမ်းမြားခဲ့ပြီး အိမ်ရှေ့ဥပရာဇာအဖြစ် တိုင်းပြည်အုပ်ချုပ်ရေးကို ကိုင်တွယ်ရတယ်။

ဘုရားလောကငြီးငွေ့
သူ့အသက်အစိတ်ကျော်လောက်ရောက်တဲ့အခါ သူတို့အုပ်ချုပ်ရေးအောက်မှာ ရှိတဲ့ လူ့လောကကြီးမအောင်မမြင်ဖြစ်နေကြောင်း သိရှိလာခဲ့တယ်။ လူ့လောကဟာ အိုမင်းမစွမ်းဖြစ်နေခဲ့တယ်။ နာဖျားမကျန်းမာဖြစ်နေခဲ့တယ်။ အသက်မ၀င် မရှင်မသန်လည်းဖြစ်နေခဲ့တယ်။ ဒီလိုအိုနာသေနေတဲ့လူတွေကို အုပ်ချုပ်နေရတဲ့အတွက် ရှက်လည်းရှက်၊ ကြောက်လည်းကြောက် ဖြစ်နေခဲ့တယ်။ ဒီအဖြစ်ဟာသူ့ကိုမပျော်မွေ့နိုင်ခဲ့ပြီ။ ဒီလိုဖြစ်ပေမယ့် သူ့ဘ၀ဟာ နောက်ဆုတ်လို့မရအောင်ဖြစ်နေတာ တွေ့ရတယ်။ အာဏာရှိတဲ့သူ့ဘ၀ရဲ့ ရလာဒ်ဟာ မြေကြီးနဲ့ ရွှေထီးမဟုတ်လား။ သူရွှေထီးလွှတ်လို့ မြေကြီးဖြစ်လည်း လောကကလွတ်လပ်မှာမှမဟုတ်တာပဲကလား။

ဘုရားသံဝေဂ
ဘုရင်အုပ်ချုပ်မှုအောက်မှာရှိတဲ့ပြည်သူဟာဘယ်မှာလန်းဆန်း အသက်ဝင် ရှင်သန်နေတာမြင်နိုင်ပါ့မယ်လို့ သူမေးနေတယ်။ အုပ်ချုပ်သူက သူ့နေရာကိုလိုချင်သူတွေရဲ့ရန်ကို ကာကွယ်ဖို့အင်အားတွေ အများကြီးသုံးနေရပါလား။ ဒီအားတွေ ပြည်သူတွေဆီက ယူရတာဆိုတော့ ပြည်သူ့လုပ်အားဟာ သူတို့စားဝတ်နေရေး၊ ကျန်းမာပျော်ရွှင်ရေးတွေမှာ အနည်းအပါးပဲ အသုံးချနိုင်တော့တာကို ရှင်းရှင်းပဲမြင်နေရတယ်။ ဒါတွေဟာမတရားမှုတွေ ဖြစ်နေလိမ့်မယ်။ သူ့ဝန်းကျင်မှာရှိတဲ့ လောကရဲ့စံနစ်ကလည်း ဒီပုတ်ထဲက ဒီပဲတွေချည်း ဖြစ်နေတာတွေ့ရတယ်။ ဒီလောက်သွက်သွက်လည်အောင် ရူးနှမ်းနေတဲ့လောကကြီးကို ရှေ့သွားခေါင်းဆောင် လုပ်နေရတာအတွက် စက်ဆုတ်နှလုံးနာ ရင်မှာမချိဖြစ်ရတယ်။ ဂုဏ်သိရ်မဟုတ်တာ သူသိတယ်။ သိဒ္ဓတ္ထ အသက်နှစ်ဆယ့်ရှစ်နှစ်ထဲ ရောက်လာပြီး သူ့ကြင်ယာလည်း ကိုယ်ဝန်အရင့်အမာရခဲ့ပြီ။ သူလောကအပေါ် ငြင်းဆန်ငြီးငွေ့နေတာကိုဘာနဲ့မှ ဖျော်ဖြေလို့ မပျော်ဖြစ်နေခဲ့တယ်။ လူ့လွတ်လပ်တဲ့စနစ် ရှာဖို့အတွက် ရဟန်းအဖြစ်ကို အာရုံ့ပြင်မှာ မထင်အောင်မတတ်နိုင်ဖြစ်နေခဲ့ပြီ။ သိဒ္ဓတ္ထဟာ မြို့ပြရဲ့အပြင်ဘက်က သူတို့ပိုင်တောထဲမှာ လွတ်လွတ်လပ်လပ် အချိန်ဖြုန်းပြီး ငေးမောတွေးတောနေခဲ့တယ်။ ဒီအချိန်မှာ မင်းချင်းတစ်ယောက် သူ့ထံ ရောက်လာခဲ့တယ်။ သူ့ဆီကကြားရတဲ့သတင်းက အသျှင့်မိဖုရားမှာ သားတော်ကလေး ဖွားမြင်ပြီဆိုတဲ့ သတင်းပဲ။ ဒီသတင်းဟာ သူ့အကြံအစည်တွေကို အဟန့်အတားလိုဖြစ်ခဲ့ရတယ်။ ဒါကြောင့် ရာဟုဖမ်းသလိုဖြစ်ပြီလားလို့ နှုတ်မှ အသံမထွက်မိအောင် မတားတတ် ဖြစ်သွားခဲ့တယ်။ မင်းချင်းကိုပြန်လွှတ်လိုက်ပြီး သူလာမယ့်အကြောင်း မှာလိုက်တယ်။ မင်းချင်းပြန်ရောက်တဲ့အခါ ခမည်းတော်သုဒ္ဓေါဒနက မင်းချင်းကိုပြန်မေးတယ်။ ရာဟုလလို့ သားတော်နှုတ်ကထွက်သံကြားခဲ့ရကြောင်း ပြန်ပြေတယ်။ ဒီလိုဆိုရင် မြေးတော်ကလေးအမည်ကို "ရာဟုလ"လို့ တွင်စေရမယ်လို့ သုဒ္ဓေါဒန သတ်မှတ်ခဲ့တယ်။


 

ဗုဒ္ဓ (၃)


 

ဘုရားတောထွက်

သိဒ္ဓတ္ထဟာ ဆုံးဖြတ်ချက်တစ်ခုချပြီး နန်းတော်ကိုပြန်လာခဲ့တယ်။ ရစ်ပတ်လာတဲ့ ချစ်စရာနှောင်ကြိုး တစ်ခုရှိတုန်းမှာ လုပ်စရာ ရှိတာအတွက် ရုန်းမှပဲလို့။ သိဒ္ဓတ္ထဟာ နောက်နေ့ မကူးမီပဲ ဖွားဘက်တစ်ဦးနဲ့ အတူ မြင်းစီးပြီး နန်းတော်က ထွက်ခဲ့တယ်။ ကပိလ၀တ်မှ တောင်ဘက်အရပ် အနော်မာမြစ်ကို ဖြတ်ကူးပြီး အဲဒီသဲပြင်မှာပဲ ဆံမုတ်ဆိတ်ကို ပယ်ခဲ့တယ်။ အိုးထိန်းတစ်ယောက်ရဲ့ အကူနဲ့ သူတော်စင် အ၀တ်အဆင်ကို လဲဝတ်လိုက်တယ်။ ဖွားဘက်ကို ကပိလ၀တ်ကသိဖို့ ပြန်လွှတ်လိုက်တယ်။ သိဒ္ဓတ္ထဟာ လူမှုစံနစ်ရဲ့ သဘောဓမ္မ ရှာဖွေရာ၌ ရပ်တည်ချက်သုံးချက် ထားလိုက်တယ်။


၁။ သူရှာဖွေတွေ့ရှိတဲ့ အသိ တရားဟာ လူတိုင်းသိနိုင်တဲ့ အသိတရားဖြစ်ရမယ်။
၂။ သူရှာဖွေတွေ့ရှိတဲ့ အကျင့် တရားဟာ လူတိုင်းကျင့်နိုင်တဲ့ အကျင့်တရား ဖြစ်ရမယ်။
၃။ သူရှာဖွေရရှိတဲ့ လွပ်လပ်မှုဟာ လူတိုင်းလွတ်လပ်နိုင်တဲ့ လွတ်လပ်မှုမျိုး ဖြစ်ရမယ်။

သိဒ္ဓတ္ထဟာ အသိညဏ်ပညာများကို ပိတ်ဆို့ဟန့်တား ထားတဲ့ နိဝဏတရားတွေကို စိတ်မှာ အ၀င်မခံ ပယ်လှန်တဲ့အလုပ်ကို အားထုတ်နေတယ်။ အာရုံငါးပါး လိုလားမှုများ မဖြစ်ပွားဖို့ ၊ မကြောက်ရွံ့ဖို့၊ မထိုင်းမှိုင်းဖို့ ၊ မပြန့်လွှင့်ဖို့၊ မယုံမှားဖို့တွေပဲ။ ဒါတွေဖြစ်တာဟာ စိတ်ကူးအမျိုးမျိုးတွေနဲ့ ကာမသညာတွေ ပွားရာကပဲ။ ဒီကာမ သညာတွေ မဖြစ်အောင် ဆိုပြီး စိတ်ကို အကူးမခံဘဲ ထိန်းထားလိုက်တယ်။


 

ဗုဒ္ဓ (၄)


 

ရူပဈာန်ပွား
ထင်ရှားတဲ့အာရုံတစ်ခုမှာပဲ စိတ်ကိုထားတဲ့လုပ်ငန်းကို သိဒ္ဓတ္ထလုပ်နေတယ်။ ဒိလုပ်ငန်းဟာ သိဒ္ဓတ္ထအတွက် အခက်အခဲတွေ ရှိနေတယ်။ ဒါကတော့ တခြားမဟုတ်ဘူး။ စိတ်ဟာ အဲဒီအာရုံတစ်ခုမှာ အထားခံရတဲ့ အခါ တခြားသဘာဝနဲ့ လုပ်ရတဲ့ လုပ်ငန်းတွေ အလုပ်ကောင်းကောင်းမလုပ်ကြတာပဲ။ အထူးသဖြင့် အသက်ရှုရတာ ထုတ်တာမှာ စိတ်ထားတဲ့အခါ ဖြစ်ပွားတာပဲ။ အသက်ရှုရှိုက်ဟာ သူ့သဘာဝနဲ့သူ လုပ်နေတဲ့အရာပဲ ။ အဲဒီမှာစိတ်ကို ထားလိုက်တဲ့အခါ စိတ်က အသက်ရှုရှိုက်ကို လုပ်စေတယ် ။ အဲဒီအခါမှာ အသက်ရှုရှိုက်ဟာ မှားတော့တာပဲ။ သဘာဝ လိုအပ်တဲ့ အထုတ်အသွင်းကို စိတ်ကမှ မသိတာပဲ။ လိုအပ်တဲ့ ပမာဏထက် အပိုအလိုတွေ ထုတ်လိုထုတ် သွင်းလိုသွင်း ဖြစ်နေတယ်။ ပြီးတော့ အသွင်းအထုတ်ကလည်း မညီဘူး။ သွင်းလေက တိုပြီး ထုတ်လေက ရှည်လိုရှည်နေတယ်။ အသွင်းရှည်ပြီး ထုတ်လေက တိုလိုတိုနေတယ်။ သွင်းလေက တိုပြီးထုတ်လေက ရှည်နေလျှင် လေသစ်ငတ်ပြီပေါ့ ။ သွင်းလေရှည်ပြီး ထုတ်လေတိုနေလျှင်တော့ လေညစ်ပတ်ဖြစ်ပြီ။ ဒီလိုဖြစ်လာတော့ သိဒ္ဓတ္ထဟာ ခံစားချက်တွေ ဖောက်ပြန်တာ ခံရတယ်။ ဓါးထက်ထက်နဲ့ ၀မ်းဗိုက်ကို ဖွင့်ဖောက်ခံရနေတာမျိုး ဆောက်ထက်ထက်နဲ့ ဦးခေါင်းကို ဖွင့်ပြီး မွှေနေတာမျိုး၊ ကြိုးနဲ့ အထပ်ထပ်ရစ်ပတ်ပြီး မီးပုံထဲ အထည့်ခံရတာမျိုး အလွန်ချွန်မြတဲ့အရာပေါ် ထိုင်နေရတာမျိုး အစစ အခံခက်တာတွေကို ခံစားရတယ်။ တခြားခံစားချက်တွေလည်း ခံစားရတယ်။ အစစပြီးပြည့်စုံစေတဲ့ အဖြစ်မျိုးမှ ကောင်းကင်မှာ ပျံနေရတာမျိုး ပြီးမြောက်အောင်မြင်မှု အဆုံးနား ရောက်နေတာမျိုး အားလုံးကို လုပ်ဆောင်နိုင်တယ်ဆိုတာမျိုး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် ဖြစ်နေတာမျိုးတွေပဲ ။

လေဟောင်းကျန်ရင် ဆိုးဝါးတဲ့ ခံစားချက်တွေဖြစ်ပြီး လေသစ်ငတ်ရင် ကောင်းမွန်တဲ့ ခံစားချက်တွေဖြစ်တာပဲ။ သိဒ္ဓတ္ထက ဒီခံစားချက်တွေက ကျော်လွန်အောင် တခက်တနက် ကြိုးစားနေခဲ့တယ်။ မတော်တဆ လေ၀င်လေထွက်ညီတဲ့အခါမှာ ခံစားချက်တွေ ပျောက်နေခဲ့တယ်။ အဲဒီအခါမှာ အသက်က မရှုတော့သလိုမျိုး အဖြစ်ခံရတယ်။ အသက်ရှုတာနဲ့ အသက်ရှုတာကိုသိတာ ဒီနှစ်ခုဟာ တစ်ထပ်တည်းကျသွားခဲ့ပြီ။ သိဒ္ဓတ္ထဟာ အသက်ရှုတာကို မသိတာပဲ။ အသက်ရှုတာကို သိတဲ့စိတ်ကိုသာ သိတဲ့အဖြစ် ရောက်နေပါပြီ။ ပြီးတော့ ဒီစိတ်ကလည်း ဘယ်မှမသွားပဲ အလွန်ကြည်လင်တဲ့ စိတ်ဖြစ်နေတာကိုလည်း သူတွေ့နေရတယ်။ သိဒ္ဓတ္ထဟာ သူနှင့်သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အရမယူ နိုင်တဲ့ အဖြစ်ရောက်နေတယ်။ ဒီလိုဖြစ်နေအောင်လည်း သူ့စိတ်ကို တွေ့နေတာမှာရှိပြီး ဘာမှ စိတ်မကူးမိအောင် နေထိုင်တယ်မဟုတ်လား။ ဒါကြောင့် အရာခပ်သိမ်းဟာ သိဒ္ဓတ္ထအနေနဲ့ အဓိပ္ပာယ်ဖော်လို့မရတာချည်း ဖြစ်နေခဲ့တယ်။

ကြောက်စရာဆိုတာလည်း သူ့မှာမရှိ၊ မက်စရာဆိုတာလည်း၊ သူ့မှာ မရှိဖြစ်နေခဲ့တယ်။ သူ့စိတ်ကို ဆင်ခြင်နိုင်တဲ့အပြင်ပက တခြားအာရုံတခုခုဆိုတာ မရှိမဖြစ်နေခဲ့တယ်။ သိဒ္ဓတ္ထရဲ့ ဘ၀ဟာ ကာမတရားတွေရဲ့ အနှောက်အယှက်က ကင်းဝေးလွတ်မြောက် ငြိမ်းချမ်းနေခဲ့တယ်။ ဒီလိုတွေကာလ ကြာမြင့်စွာနေခဲ့တယ်။ ဒီလိုနေတဲ့အတွက် လူသာမာန်တွေထက် ထူးခြားတဲ့အဖြစ်တွေတော့ ဖြစ်လာတယ်။ အတိတ်က ဖြစ်ပြီးတာတွေလည်း သိတယ်။ အဝေးမှာ ဖြစ်နေတာတွေလည်း ဒီလိုပဲ သိတယ်။ သူများစိတ်ထဲ ရှိတာတွေလည်း သိတယ်။ အနာဂတ်မှာ ဖြစ်ပွားမှာတွေ သိချင်သိတယ်။

ဒါတွေဟာ အသိထူးတွေဆိုပြီး ရှာဖွေနေတဲ့ အတွက် လမ်းစကို စတွေ့ပြီလို့ ၀မ်းသာခဲ့တယ်။ ဒါပေမယ့် ဒါတွေဟာ ဒီထက်မတိုးတက်တာကို ကြာတဲ့အခါမှာ တွေ့ရတယ်။ ဒါတွေကို သိတဲ့အတွက် လူအိုစာ နေတဲ့အဖြစ်က ဘယ်လိုလွတ်လပ်မလဲ။ နာဖျားမကျန်းသလို လူ့အဖြစ်နဲ့ အသက်မ၀င် မရှင်မသန်တဲ့ လူ့အဖြစ်တွေက ဘယ်လို လွတ်လပ်မလဲ။ ဒီမေးခွန်းတွေပဲ မေးလာခဲ့တယ်။ ဒါအတွက် အဖြေဟာ မရှိမဖြစ်နေခဲ့တာ ခံရတယ်။ ပြီးတော့လည်း ဒီအသိတွေကို ဆန်းစစ်လာတယ်။ ဒါတွေဟာ အသဥာဏ်နဲ့ သိတာလား။ စိတ်နဲ့ သိတာလားလို့ပဲ။ ဒီအသိတွေကို အကြောင်းနဲ့ အကျိုးနဲ့ ဘယ်ပုံသိလာတယ်ဆိုတာ သိဒ္ဓတ္ထမသိ ဖြစ်နေခဲ့တယ်။ ဒီအသိဟာ သူ့ဟာသူ ပေါ်လာတဲ့အသိပဲ။ ဘယ်သူက ပြောသလိုလို ဘယ်မှ မြင်ရတာလိုလို အိမ်မက်နဲ့ထပ်တူ ဖြစ်နေတာကို တွေ့ရတယ်။ မြေလျှိုးမိုးပျံနှင့် အဝေးအလံလူကို သွားတွေ့တဲ့အခါပဲ တကယ့်လူက ဒီမှာပဲ ဖြစ်နေတာနဲ့ အဆုံးသတ်တာကိုတွေ့ရတယ်။ ဒါတွေအပေါ်မှာ သိဒ္ဓတ္ထဟာ အတွေးတွေဝင်လာတယ်။ ငါကမျက်လှည့်ဆရာကြီး၊ မျက်လှည့်ဆရာဟာ သူပြတာကို ကြည့်သူကသာ ပြတဲ့အတိုင်း မြင်ပေမယ့် ပြသူကိုယ်တိုင်ကတော့ သူများမြင်သလို မြင်တာမဟုတ်ဘူးလို့ပဲ။

သိဒ္ဓတ္ထဟာ ဒီအသိတွေကို အထပ်ထပ် စစ်ဆေးကြည့်ပြီးတဲ့အခါ သူရှာဖွေတာတွေ ဒါမဟုတ်ဘူးလို့ အဖြေထွက်ခဲ့တယ်။ ဒီအသိတွေဟာ စိတ်အသိတွေပဲဖြစ်တယ်။ စိတ်အသိဟာ ဘာမှအသုံးကျတာတွေ မဟုတ်ဘူး။ စိတ်ချွတ်ယွင်းနေတဲ့သူဆိုရင် ပြုပြင်ပေးနိုင်တဲ့အနေအထားတော့ ရှိတယ်။ လောကအိုစာနေတာ၊ နာမကျန်းဖြစ်နေတာ၊ အသက်မရှင်ဖြစ်နေတာတွေဟာ စိတ်ချို့ယွင်းတာကြောင့် မဟုတ်ကြဘူး။ စိတ်ချို့ယွင်းသူက သူများနဲ့ မတူဘဲ လွဲနေတာလောက်ပဲ ဖြစ်ကြတာ ။ ဒီလိုစံလွဲသူဟာ လောကမှာ မပြောပလောက်ပဲ ဖြစ်တယ်။ ဒါကြောင့် ဒီအသိဟာ လောကအိုမင်းမစွမ်း ဖြစ်နေတဲ့အဖြစ် အစရှိတာတွေအတွက် အသုံးမကျဘူး။ ဒီအသိတွေ ကိုယ်တိုင်ကပင် လောကရဲ့ အိုမင်းမစွမ်း အစရှိတဲ့ အဖြစ်တွေကို ဖြစ်စေနေတယ်လို့အထိ သိဒ္ဓတ္ထ သိသွားခဲ့တယ်။ ဒီအသိတွေကိုရဖို့ သိစိတ်တွေကို ရုပ်အာရုံတစ်ခုမှာ ထားရတယ်။ ဒီတော့ သိစိတ်တွေဟာ ဘာအလုပ်မှ မလုပ်ရတော့ဘူး။ ရုပ်သိတာပဲ လုပ်နေရတာကိုး ။ သိရတဲ့ရုပ်ရဲ့ ရှေ့တွေ နောက်တွေလည်း စိတ်ကမကူးရတော့ ဒီရုပ်ဟာ ဘာဖြစ်တယ်။ ဘာအသုံးကျတယ်ဆိုတာ မသိဖြစ်လာတယ်။ ဒီတော့ အသိကန်းလာတယ်။ ဒီလို အသိကန်းလို့တော့ လောကဟာ သင့်မြတ်မှု မဖြစ်နိုင်ဘူး။ အသိတရားကို ထူထောင်နိုင်မှ လောကဟာ သင့်မြတ်စရာရှိတယ်။ လူဟာ သာမာန်ကိစ္စကလေးတွေမှာပင် ပြီးစီးအောင်မြင်နိုင်ဖို့အတွက် အသိတရားတွေ ဖြန့်ကျက်ကြရတာဖြစ်တယ်။ အသိတရားနည်းရင် နည်းသလောက် လူစဉ်မမီတာဖြစ်ပြီး အသိတရားများရင် များသလေက် လူ့ရှေ့တန်းရောက်ကြတယ်။ ဒါကြောင့်လူဟာ အသိတွေ များထက်များဖြစ်အောင် ပတ်ဝန်းကျင်နှင့် ဆရာဂုရုထံက ပညာတွေ သင်ကြားနေကြရတယ်။ ဒါကြောင့် စိတ်မကူးမှုဖြစ်အောင် ရုပ်အာရုံ့တစ်ခုမှာ စိတ်ကိုထားတဲ့လုပ်ငန်းဟာ လူမှီဝဲဖို့ မသင့်မြတ်တဲ့အရာပဲ။ ကာမတရားကို မတိုးပွားအောင် မပွားသင့်သလို ရုပ်တရားကိုလည်း တိုးပွားအောင်မပွားရမှာပဲ ဖြစ်တယ်။ ဒီရှုပတရားပွားများမှုဟာ ကာမတရားပွားများမှုက လွတ်စေနိုင်လို့ ကောင်းတာတော့အမှန်ပဲ။ ကာမတရားပွားသူတွေ မရနိုင် မရောက်နိုင်တဲ့အဖြစ်တွေဆီ ရောက်ရတာမှန်ပေမယ့် လူဟာ ကာမတရားက လွတ်အောင် နေနိုင်တာနဲ့ လူလွတ်လပ်မှုကို သိတဲ့ ဥာဏ်ဖြစ်အောင် မတတ်နိုင်တာ တွေ့ရတယ်။

သိဒ္ဓတ္ထဟာ ဒီလိုတွေ တွေးလာတယ်။ စိတ်ကို ဒီလိုဖိနှိပ်ထားသူဟာ မတော်ဘူး။ စိတ်ကူးစိတ်သန်းကို ဖွင့်ထားမှ အသိဥာဏ်ပညာတရား ဖြစ်ပွားစရာရှိတယ်။ စိတ်ကိုဖွင့်ထားတဲ့ တရားကျင့်သူဟာ အာဠာရတို့ရှိတယ်။ သူတို့ဆီသွားပြီး နည်းနာခံရမှာပဲ။ သိဒ္ဓတ္ထဟာ အာဠာရထံ ဆည်းကပ်ခဲ့တယ်။ အာဠာရရဲ့ သင်ကြားချက်ဟာ နဂိုကနေခဲ့တာနဲ့တော့ တမျိုးတဖုံစီပဲ။ စိတ်ကို နည်းနည်းမှ ထိန်းဖို့ မလိုတော့ဘူး။ ပညာလည်း အတော်ပါတယ်။ မြင်မြင်သမျှ ကြားကြားသမျှ အစစ အာရုံရုပ်တွေ ရုပ်ခွဲရတာပဲ။ တကယ်သရုပ်ကွဲတဲ့အခါမှာ အာရုံရုပ်တွေဟာ အထည်ဒြပ်မဲ့တွေ ဖြစ်နေတာတွေ့ ရတယ်။ ဒီအာရုံ ရုပ်တွေကိုအထည်ဒြပ်ရှိတွေလို့ ထင်ခဲ့တာတွေဟာ မှားယွင်းချွတ်ချော်မှုတွေ ဖြစ်တယ်။ အာရုံရုပ်တွေကို အထည်ဒြပ်ရှိတွေထင်ပြီး လူတွေဟာ အာရုံရုပ်တွေနောက်ကို ကောက်ကောက် လိုက်နေကြတာပဲ။


 

ဗုဒ္ဓ (၅)


 

အရူပဈာန်ပွား
သိဒ္ဓတ္ထဟာ အာရု့ရုပ်တွေရဲ့ ဒြပ်မဲ့အမြင်ကို တွေ့ရတာ အတွက် အားတက်နေမိတယ်။ လောကရဲ့ စစ်မှန်မှု အစကို သူတွေ့ပြီလို့ အားရနေမိတယ်။ အာရုံရုပ်တွေဟာ တကယ်ရှိနေတာ မဟုတ်ပဲ အဲဒီအာရုံ ရုပ်တွေနဲ့ ပုံစံတွေကသာ တကယ်ရှိနေတာ တွေဖြစ်တယ်။ ဒီတော့ အာရုံရုပ်တွေဟာ စိတ်က ဖန်ဆင်းလိုက်တဲ့ ပစ္စည်းတွေပေါ့ ။ မျက်လှည့်ရုပ်တွေဟာ မျက်လှည့်ဆရာက ဖန်ဆင်းထားတာတွေမဟုတ်လား။ ဒီတရားကို သိဒ္ဓတ္ထက ဆက်ပွားတယ်။ မကြာမတင်မှာပဲ ဒီတရားရဲ့ ဒုတိယအဆင့်၊ တတိယအဆင့်

အထိရောက်သွားခဲ့တယ်။ လောကကြီးဟာ တကယ်ရှိတာ မဟုတ်ပါလားလို့ သိဒ္ဓတ္ထ ဖြစ်နေခဲ့တယ်။ အာဠာရဆီမှာ လေ့လာစရာ ကုန်ခဲ့ပြီ။ သိဒ္ဓတ္ထဟာ ဒီထက် ရှေ့ကိုလည်း လေ့လာချင်နေတယ်။ ဒါကြောင့် ဒီက ထွက်ခွါလာခဲ့တယ်။ နောက်စခန်းဖြစ်တဲ့ ဥဒကဆီမှာ ဆက်လေ့လာခဲ့တယ်။ ဥဒကဟာ ဒီတရားရဲ့ အဆုံးကို သင်ကြားပေးပါတယ်။ ဘာမျှမရှိခြင်းကို သိနေရခြင်းက အမြတ်ဆုံးအဖြစ် ဆုံးဖြတ်ပါလားလို့ သိဒ္ဓတ္ထ သိနေခဲ့တယ်။ သိဒ္ဓတ္ထဟာ ဥဒကထံမှ လေ့လာစရာဆုံးတာနဲ့ ထွက်လာခဲ့ပြီး ကိုယ်တိုင်စခန်း တစ်ခုမှာနေပြီး ပွားများမှုတွေ လုပ်နေခဲ့တယ်။ သိဒ္ဓတ္ထစခန်းမှာ ရှင်ကောဏ္ဍညအစရှိတဲ့ ငါးဦးစု သူတော်စင်များ လာရောက်နေထိုင်ပြီး သိဒ္ဓတ္ထလုပ်ငန်းမှာ ပြီးမြောက်နိုင်ရေးအတွက် ဝေယျာဝစ္စများ လုပ်ဆောင်ပေးနေကြတယ်။

အရူပဈာန်ကြောင့် အစာဖြတ်
သိဒ္ဓတ္ထဟာ အစာစားသောက်မှုကို ဂရုမထားပဲ ဖြစ်လာတယ်။ သူနေတဲ့ သစ်ပင်က ကြွေကျတဲ့ သစ်သီးကိုပဲ စားတော့မယ်။ သူ့လက်တစ်ကမ်းအတွင်း ကြွေကျတဲ့ သစ်သီးလောက် စားရင် တော်ပြီ ။ သူ့ရင်ခွင်ထဲ သူ့ပါးစပ်ထဲကျတာမှနဲ့ လုပ်လာခဲ့ပြီ။ တစ်ခါတစ်ခါမှာ ဆီးသီးလောက်ပဲစားပြီး တစ်ခါတစ်ခါမှာ ပဲပိစပ်ပြုတ်ရေလောက်ပဲ သောက်စားတဲ့အထိ ရှိလာပြီ။ ဒီတော့ သိဒ္ဓတ္ထဟာ ကိုယ်ရေကိုယ်သား ခန်းခြောက်လာတယ်။ မျက်ကွင်းကလည်း ဟောက်ပက်နဲ့ပေါ့ ။ ဗိုက်ကလည်း ကျောကိုကပ်နေတယ်။ အသားရောင်ကလည်း နက်ခြောက်လို့ပဲ။ သိဒ္ဓတ္ထဟာ အငြိမ်းချမ်းဆုံးနဲ့ အမြတ်ဆုံးဆိုတာမှာပဲ သူ့စိတ်ကို ထားထားတယ်။ အဲဒီထဲက သူ့စိတ်ကို ဘယ်မ မသွားစေရဘူး။ သူ့စိတ်ဟာ ဒီလောက်သန့်စင်နေရင် လူ့လောကရဲ့ အမြတ်ဆုံး သဘာဝကို သိတဲ့ ဥာဏ်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။ ကျင့်နေတာကြာပြီဖြစ်ပေမယ့် ဒီဥာဏ်နဲ့တူတဲ့ အရိပ်အရောင်တောင် မတွေ့ပဲ ဖြစ်နေခဲ့တယ်။ သူဒီလိုနေရတာဟာ ငြိမ်းချမ်းပါတယ်။ ဒီလိုငြိမ်းချမ်းပေမယ့် သူ့အလိုဆန္ဒ မပြည့်မ၀ ဖြစ်နေခဲ့တယ်။ သူတရား ရှာဖွေနေတာ သူတစ်ယောက်ထဲ ဒီလိုငြိမ်းချမ်းနေဖို့ မဟုတ်ခဲ့ဘူး။ လူ့လောကကြီးရဲ့ အိုမင်းမစွမ်းနေတာက လွတ်လပ်ဖို့ ၊ လူ့လောကကြီးရဲ့ နာဖျားမကျန်းဖြစ်နေတာက လွတ်လပ်ဖို့၊ လူ့လောကကြီးရဲ့ အသက်မရှင်မသန် ဖြစ်နေတာက လွတ်လပ်ဖို့၊ ဒါတွေအတွက် လူ့လောကရဲ့ အမြတ်ဆုံး သဘောသဘာဝကို ရှာဖွေနေတာသာ ဖြစ်တယ်။

ဒါကိုသိတဲ့ အသိဥာဏ်ကလည်း နည်းနည်းမှ မလင်းမလက်ဖြစ်နေခဲ့တယ်။ အသိဥာဏ်သာ မထွက်တာ အသက်ကတော့ ဒီတရားမှာ စတေးရတော့မယ့် အနေမှာ ရှိနေပြီလို့ သိဒ္ဓတ္ထ သိလာတယ်။ တရားကတော့ အစွမ်းသတ္တိရှိတာ အမှန်ပဲ။ ကိုယ်နဲ့အတူ တစ်လောကလုံးတောင် ပျောက်တဲ့အထိရှိခဲ့ပြီ။ ဒါပေမယ့် ဒါတွေအတွက် သူလုပ်တာ မဟုတ်ဘူး။ လူ့လောကကြီး အို၊ နာ၊ သေ အဖြစ်တွေက လွတ်ဖို့ပဲ။ ဒီတရားမှာ အနေကြာတဲ့အခါ ဒီတရားကို အပြစ်မြင်လာတယ်။ တရားဟာ ငါရှာဖွေနေတာထက် လွန်လာပြီလား။ ငါရှာဖွေတာက လူတွေ အို၊ နာ၊ သေကလွတ်ဖို့။ ဒီတရားက လူတွေ လူအဖြစ်က လွတ်ဖို့ဖြစ်နေတယ်။ လူ့အဖြစ်က လွတ်တဲ့အသိကို ငါ ရှာဖွေတာ မဟုတ်ဘူး။ လူ့အဖြစ်မှပဲ လူတွေ ပျိုမြစ်လန်းဆန်း ရှင်သန်နေတဲ့ အဖြစ်ကို ငါရှာနေတာ ဖြစ်တယ်။ ဒါကြောင့် ဒါတွေကို ဆင်ခြင်လာရတယ်။

Read More...

Saturday, 18 July 2009

နှလုံးသား အဟာာရ(၁) ( Chicken Soup For the Soul )


ဘော်ဘော်တွေအားလုံးရဲ့ နှလုံးသားအတွက် အဟာရစွပ်ပြုပ် လေး မျှဝေပေးလိုက်ပါတယ်ဗျာ။။။


ဒိုင်ခွက်ပေါ်မှ စိတ်လက်တံ....

    ဒီနေ့ကတော့ အလုပ်မရှိတဲ့နေ့ပဲလေ..ဟိုဟိုဒီဒီတောင်တွေးမြောက်တွေးလုပ်နေတာ ညနေသုံးနာရီတောင်ရှိပြီကော..အပြင်ထွက်ပြီးလမ်းလျှောက်ဦးမှ- ကျွန်တော်တွေးလိုက်သည်။ထို့နောက်ထီးတစ်ချောင်းယူကာအပြင်သို့ထွက်လာခဲ့သည်။ညနေခင်းစောစောအစက အနည်းငယ်ပူနေသေးသည်။သို့သော်မိုး
တစ်ချက်အုပ်နေတစ်ချက်ထိုးနှင့်တော့နေလို့ကောင်းသလိုလိုတော့ရှိနေသည်။
မြို့ထဲဘက်ခြေဦးတည်လိုက်ပြီး
ဖြည်းဖြည်းနှင့်မှန်မှန်လျှောက်လာလိုက်သည်။
ဟိုကြည့်ဒီကြည့်နှင့်လျှောက်လာလိုက်တာတော်တော်ကြာသွားသည်။ထို့ကြောင့်နာရီကြည့်ရန်လက်ကိုကြည့်လိုက်တော့ နာရီအိမ်မှာကျန်ခဲ့သည်။သို့သော်
ပြသနာတော့မဟုတ်လမ်းကလူတစ်ယောက်ယောက်ကိုမေးကြည့်လို့ရသည်။
ရှေ့မှခပ်သုပ်သုပ်လျှောက်လာလူတစ်ယောက်ကိုလှမ်းမေးမိသည်။ --အကို တစ်ဆိတ်လောက်ဗျာ..ဘယ်နှနာရီရှိနေပြီလဲ- ထိုသူမှကျွန်တော့်ကို - အလုပ်ရှုပ်ရတဲ့အထဲကွာ..လေးနာရီကွာ-၊၊၊ခပ်မာမာခပ်ပြတ်ပြတ်ပြန်ပြောသည်။
ကျွန်တော်နည်းနည်းတော့ စိတ်ထိခိုက်သွားသည်။သူ့ကိုတောင်ကိုယ်ကကောင်းကောင်းဆက်ဆံသေးတာပဲကိုယ့်ကို ညီလေး လေးနာရီ ရှိပြီ လို့ပြန်ပြောရင်လဲ ရပါသည်။ထားတော့ကျွန်တော်ကို က နာရီမပါလာတာကိုး..အဲဒီလိုစဉ်းစားမိပြီးချက်ချင်း ကားဂိတ်မှာရပ်နေတဲ့လူတစ်ယောက်ကို ဘာကြောင့်ရယ်မသိအချိန် ထက်မေးမိပြန်ရော..--အကိုကြီး နာရီအချိန်ဘယ်လောက်ရှိပြီလဲဗျ--
//သြော်-အေးညီလေး လေးနာရီရှိနေပြီကွ// ဟော သူကျတော့တွေ့လားလူယဉ်ကျေး ပေပဲ။စိတ်ထဲတွင်ထိုလူနှစ်ယောက်ကိုနှိုင်းယှဉ်ကြည့်မိသည်။ သူတို့ရဲ့ပင်ကိုယ်စိတ်ကဖြူသလားမဲသလားမသိ သေချာတာတော့ယဉ်ကျေးတဲ့သူက ပိုသာသွားတာ တော့သေချာသည်။ ကျွန်တော်စဉ်းစားမိသည် နာရီတွေဟာအချိန်တွေတူနေပေမဲ့ လူတွေရဲ့စိတ်ဓာတ်တွေဟာမတူကြပါလား။
နာရီတွေဟာတစ်သက်မတ်တည်းနေကြတယ်လို့ ဘာမဆိုင်ညာမဆိုင် နာရီကိုချီးကျူးမိပြန်တယ်။သူတို့နှစ်ယောက်ကွဲပြားသွားမှုကြောင့်စိတ်ထဲမှာ လူတွေရဲ့စိတ်ကိုစမ်းကြည့်ချင်သလိုဖြစ်လာ သည်။လေးနာရီရှိပြီဆိုတာတော့သိသည် သို့သော်စပ်စုချင်တာနဲ့ ရှေ့ကလျှောက်လာတဲ့ အမကြီးတစ်ယောက်ကိုမေးကြည့်လိုက်သည်။ - အမ ဘယ်နှနာရီရှိနေ ပြီလဲခင်ဗျ။
ကျွန်တော့်ကိုတစ်ချက်ကြည့်သည် ဘာမှမပြော လက်မှနာရီကျွန်တော့်အားပြသည်။
---------- ၄နာရီ၁၅မိနစ်----------------။


Credit to Loki



Read More...

Saturday, 9 May 2009

အတွေးအမြင်

ဆရာက ကျောင်းသားနှစ်ယောက်ကို မေးခွန်းမေးပါတယ်။

အင်မတန်အဆင့်မြင့်ပြီးအတော်စဉ်းစားယူရတဲ့ သင်္ချာဥာဏ်စမ်းတွေပါ။

ဖြစ်လေ့ဖြစ်ထရှိတယ့် အဖြစ်အပျက်လေးတွေကို ကျွန် တော် English စာသင်တန်းတက်ခဲ့စ၁ုက

ကျွန်တော်တို့ရဲ့ဆရာကကျောင်းသားတွေကို ဘယ်လိုအတွေးလေးတွေပေးတယ်ဆိုတာကို

ဘော်ဘော်တွေလေ့လာဆန်းစစ်လို့ရအောင် တင်လိုက်ပါတယ်

ကောင်းမကောင်းဝေဖန်ပေးကြပါအုံးနော်။


(၁)

ပထမကျောင်းသားက မေးခွန်းခက်တာကို မြင်ပြီး ဒီလိုစဉ်းစားပါတယ်၊"ဆရာက

ငါမဖြေနိုင်မယ့် မေးခွန်းတွေကို တမင်သက်သက် မေးတာပဲ၊ ဟိုတစ်ခါတုန်းက

သူလာတာကို ထနှုတ်မဆက်ပဲ နေမိတာကို မကျေနပ်လို.ဖြစ်မယ်" .... သူဒီလို

စတွေးတာနဲ.တင် မေးခွန်းတွေကို ကောင်းကောင်းမဖြေနိုင် တော့ပါဘူး...

နောက်တစ်ယောက်ကတော့ ဒီလိုမြင်ပါတယ်

"ဆရာ့မေးခွန်းတွေက အတော်အဆင့်မြင့်တယ်၊ ငါတို.အဆင့်နဲ. ဖြေလို.ရတဲ့

မေးခွန်းတွေ ဖြစ်လောက်ပါတယ်၊ ကြိုးစားဖြေကြည်.ဦးမှပဲ" ... သူကတော့

မေးခွန်းအတော်များများကို ဆရာ ကျေနပ်လောက်တဲ့ အထိ

ဖြေဆိုနိုင်ခဲ့ပါတယ်....

ဒီအဖြစ်အပျက်လေးကို ကြည့်မယ်ဆိုရင် Perception လို.ခေါ်တဲ့ အထင်အမြင်

ယူဆချက်တစ်ခုဟာ အစစအရာရာ အဆင်ပြေချောမွေ.စေဖို.အတွက် ဘယ်အတိုင်းအတာထိ

အရေးပါ အရာရောက်တယ်ဆိုတာ တွေ.မြင်နိုင်ပါတယ်၊ အခြားသူတစ်ယောက်ရဲ့

စိတ်ထဲမှာ ဘယ်လိုပဲရှိရှိ၊ ဘာရည်ရွယ်ချက်နဲ.ပဲ မေးမေး "ဒုတိယ ကျောင်းသား"

လိုပဲ ရိုးရိုးတွေးပြီး အကောင်းဆုံး အဖြေပေးသင့်ပါတယ်


(၂)

ဆရာက ကျောင်းသားတစ်ယောက်ကို စားပွဲရှေ.မှာ ထိုင်ခိုင်းပြီး "က"

တစ်လုံးရေးပြပါလို. ခိုင်းပါတယ်။ ကျောင်းသားက ရေးပြီး ဆရာ့ရှေ.ကို

ထိုးပေးလိုက်ပါတယ်.... ဆရာက သူ.အဖြေကို လက်မခံခဲ့ပါဘူး။

ဆရာ့ဘက်က ကြည့်တော့ အဖြေက "ယ" ဖြစ်နေတာကိုး...

နောက်ကျောင်းသားတစ်ယောက်ကို ဆရာက ခေါ်ခိုင်းပါတယ်...ကျောင်းသားက ရေးပြီး

"စာရွက်ကို ဆရာ့ဘက် တစ်ပတ်လှည့်ပြီး ပြလိုက်ပါတယ်... ဆရာက သူ.အဖြေကို

သဘောကျ လက်ခံခဲ့ပါတယ်....

ဒီအဖြစ်ပျက်လေးမှာ "ကိစ္စရပ်တိုင်းမှာ Angle Of Vision လို.ခေါ်တဲ့

ရှုထောင့် အမျိုးမျိုး ရှိနိုင်တယ်ဆိုတာပါပဲ"...

ကျောင်းသားနှစ်ယောက်လုံးရဲ့ အဖြေဟာ အမှန်တွေချည်းပါပဲ...ဒါပေမဲ့

ပထမကျောင်းသားဟာ သူ.ဘက်အမြင်အတိုင်း ဆရာ့ကို ပြတာကိုး... ဒီနေရာမှာ

သတိထားရမှာက ဒုတိယကျောင်းသားဟာ ဆရာ့ဘက်က "က" လို. မြင်ရအောင် သူက "ယ"

လို. အမှားကြီးရေးလိုက်တာ မဟုတ်ပါဘူး...သူလည်း အမှန်ပဲ ရေးလိုက်ပြီး

ဆရာ့ဘက်ကလည်း အမှန်ပဲမြင်နိုင်အောင် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့်

အခြေအနေတစ်ခုကို ဖန်တီးလိုက်တာပါ...

အချို.သော ကိစ္စရပ်တွေမှာ သူ.ဘက်ကလည်း ဘယ်လိုများမြင်နိုင်မလည်းလို.

စဉ်းစားတွေခေါ်ချင့်ချိန်ပြီး သူ.ရဲ့ရှုထောင့်ကနေ မြင်ပြ၊ တွေးပြ၊

ဆွေးနွေးပြဖို. လိုပါလိမ့်မယ်.... အဲဒါမှလည်း ကိုယ်မှန်တယ်ဆိုတာကို

သူနားလည် လက်ခံနိုင်လာမှာပါ... အဲဒီလိုမဟုတ်ပဲ ကိုယ်မှန်တယ်ဆိုတာကို

ကိုယ့်ဘက်က အမြင်တစ်ခုတည်းနဲ. ကြည့်ပြီး

ဇွတ်အတင်းငြင်းခုံနေမယ်ဆိုရင်တော့ လိုလားအပ်တဲ့ အခြေအနေတစ်ခုကို

ဘယ်တော့မှ ရောက်တော့မှာ မဟုတ်ပါဘူး...


(၃)

ဆရာက ကျောင်းသားကို ခုံပေါ်မှာ မတ်တပ်ရပ်ခိုင်းထားပြီး

အပြစ်ပေးထားပါတယ်... အချိန်အတော်ကြာတော့ ဆရာက ကျောင်းသားကို ဆုံးမဖို.

လက်ယပ်ခေါ်လိုက်တယ်... ဒါပေမယ့် အဲဒီအချိန်မှာ ကျောင်းသားက

ရပ်နေတာကြာပြီဖြစ်တဲ့အတွက် ဆရာက ပြန်ထိုင်ခိုင်းရင် ကောင်းမှာပဲလို.

တွေးနေချိန်ပါ... ကျောင်းသားက လိုရာတွေးပြီး ထိုင်ချလိုက်ပါတယ်...

အဲ့မှာတင် ပြသနာက စတက်ပါတော့တယ်...ဒါဟာ misunderstanding(နားလည်မှု လွဲချော်ခြင်း) ပါ၊

များသောအားဖြင့် Body Language လို.ခေါ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို

အသုံးပြုပြီး အသံတိတ် စကားပြောဆက်သွယ်တဲ့ အခါမျိုးမှာ နားလည်မှုလွဲချော်တာတွေ ဖြစ်တတ်ပါတယ်...

အဆိုးဝါးဆုံးကတော့ အထက်က ဖြစ်ရပ်ကလေးလို ကိုယ့်ရဲ့စိတ်အာရုံ (Emotion)

ရဲ့ လွှမ်းမိုးခြယ်လှယ်မှုကြောင့် သူတစ်ပါးရဲ့စကားကို

တလွဲအဓိပ္ပာယ်ကောက်မိတာတွေ၊ အခြေအနေတွေကို အလွဲလွဲ အမှားမှား

နားလည်သုံးသပ်မိတာတွေပါပဲ၊ ဘယ်ဘာသာစကားနဲ.ပဲပြောပြော ဘယ်လိုကြောင့်ပဲ

ဖြစ်ဖြစ်ပါ သူတစ်ပါး ကိုယ့်ကို ဘာပြောတယ်၊ ဘယ်လိုရည်ရွယ်ချက်နဲ.

ပြောတယ်ဆိုတာကို အမှန်အတိုင်း အရှိအတိုင်း နားလည်နိုင်အောင်

ကြိုးစားခြင်းဟာ အားလုံးအတွက် အကောင်းဆုံးဖြစ်လိမ့်မယ် ထင်ပါတယ်...


(၄)

ဆရာက ကျောင်းသားအားလုံး ရှေ.မှာ ရပ်ပြီး လက်ညှိုးတစ်ချောင်းထောင်ပြီး ဒီလိုပြောပါတယ်...

"မင်းတို. အားလုံး လက်ညှိုးထောင်လိုက်ပါ"

ကျောင်းသားအားလုံး ဆရာ့ကို စိတ်ဝင်တစား ကြည့်နေရာကနေ ဆရာခိုင်းတဲ့

အတိုင်းလိုက်လုပ်ကြပါတယ်...

အဲဒီအချိန်မှာပဲ ဆရာက သူ.ရဲ့နားထင်ကို လက်နဲ.ထောက်ပြီး...

"အဲဒီလက်ညှိုးနဲ. ကိုယ့်နဖူးကို ထောက်လိုက်ကြပါ" လို. ထပ်ပြောပါတယ်...

ကျောင်းသားအားလုံးဟာ ဆရာလုပ်တဲ့အတိုင်း နားထင်ကို လိုက်ထောက်ကြပါတယ်...

ခဏနေမှ သူတို.မှားသွားမှန်း အားလုံးက သဘောပေါက်လိုက်ကြပါတယ်...

"ဆရာ ထောက်ခိုင်းတာက နဖူးကိုလေ"

ဒီအဖြစ်အပျက်လေးမှာ အကြားနဲ.အမြင် တစ်ထပ်တည်းမကျမှုကို တွေ.ရပါလိမ့်မယ်...

တပြိုင်တည်းလို. ထင်ရပေမယ့် တကယ်တမ်းက အမြင်အာရုံက ဦးနှောက်ကို

အရင်ရောက်သွားတဲ့ သဘောပါ...အမြင်အာရုံဟာ အလင်းကို အခြေခံပြီး

အကြားအာရုံကတော့ အသံမှာ အခြေခံပါတယ်... အလင်းရဲ့အလျင်ဟာ အသံရဲ့အလျင်ထက်

ပိုမြန်တဲ့အတွက် ဒီလိုဖြစ်ခြင်းဖြစ်ပါတယ်...

ဒီသဘောတရားလေးကို ကောင်းစွာနားလည်မယ်ဆိုရင် ကိုယ်ပြောမယ့်စကားနဲ.

သင့်တော်မယ့် လိုက်လျောညီထွေဖြစ်မယ့် ဟန်ပန်အမူအရာ ထားမှသာလျှင်

ကိုယ်ပြောမယ့်စကား အရာထင်မှာပါ...

သိပ်ဆိုးတဲ့ ကလေးတစ်ယောက်ကို ငါရိုက်လိုက်ရ လို. မာန်ပြီး မျက်နှာက

ပြုံးစိစိလုပ်မယ်ဆိုရင် ကလေးက ကိုယ့်စကားကို အလေးမထားပဲ နေမှာပါ...

အဲဒီလိုပါပဲ ကိုယ့်လက်အောက်ငယ်သားတွေကို မင်းတို. ငါ့ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ကြပါ၊

မှားတာကို ထောက်ပြပါလို. ပြောနေပေမယ့် မျက်နှာက ငါ့ကို မကောင်းဘူးလို.

ပြောလို.ကတော့ အလုပ်ထုတ်ပစ်မယ် ဆိုတဲ့ ရုပ်ပေါက်နေရင်

ကိုယ်ပြောခဲ့တဲ့ စကားဟာ အလကား ဖြစ်သွားပါလိမ့်မယ်...

အရှင်းဆုံးပြောရရင် ရိုးသားဖို.၊ ပြီးတော့ သတိထားဖို.ပါပဲ...

လူတစ်ယောက်ဟာ ရိုးသားမယ်၊ စိတ်ထဲမှာ တကယ်ရှိတာကိုသာ ပြောမယ်ဆိုရင်

သူ.ရဲ့မျက်နှာကနေ သူ.ရဲ့ကောင်းတဲ့ စေတနာကို မြင်နိုင်ပါတယ်...


(၅)

ဆရာက ကျောင်းသားတွေကို စာရွက်အဖြူရောင် ထောင်ပြပြီး

ဒါဘာအရောင်လည်းလို.မေးပါတယ်...

ကျောင်းသားအားလုံးက တညီတညွတ်တည်း ဖြေကြပါတယ်..."အဖြူရောင်ပါ ..."

ဆရာက White Borad ရဲ့ မျက်နှာပြင်ကို ထောက်ပြီး ဒါကရော ဘာအရောင်လဲလို.မေးပြန်ပါတယ်...

မဆိုင်းမတွပဲ အားလုံးက အဖြူရောင်ပါလို. ဖြေကြပါတယ်...

"အဲဒီနောက်မှာတော့ ဆရာက ခုနကစာရွက်ကို White Board မှာ ကပ်ပြီး

ဒီနှစ်ခုမှာ ဘယ်ဟာ အဖြူလဲ လို. မေးပြန်ပါတယ်"...

ကျောင်းသားအားလုံး ဖြေရန် စွံ.အ သွားပါတော့တယ်...

ဒီအဖြစ်အပျက်လေးမှာ လူတွေ သတ်မှတ်တဲ့ စံနှုန်းတွေရဲ့ေ၀၀ါးဆန်းပြားမှုကို တွေ.မြင်နိုင်ပါတယ်....

လူတစ်ယောက်က ချမ်းသာမယ်...နောက်တစ်ယောက်က ပိုချမ်းသာမယ်...နောက်တစ်ယောက်က

ပိုပြီးချမ်းသာမယ် စသဖြင့်ပေါ့... သတ်မှတ်ချက်တွေမှာ အဆုံးသတ်မျဉ်း မရှိသလို

အစစ်အမှန်ဆိုတာလည်း မရှိနိုင်ပါဘူး...

ဒါကြောင့် ပြသနာတစ်ခု ကို ဖြေရှင်းတဲ့အခါမှာ ကိုယ့်ရဲ့ စိတ်အခြေအနေတွေကို သေချာမှုမရှိတဲ့ သတ်မှတ်ချက်တွေ

လာရောက်လွှမ်းမိုးတာမခံစေဘဲ တကယ့်အရှိတရား (Being) မှာပဲ စူးစိုက်နှစ်မြှုပ်ထားနိုင်ဖို. လိုပါတယ်....

ဒီလိုမှလည်း နည်းလမ်းကျပြီး မျှတတဲ့ အဖြေတစ်ခုကို ထုတ်နိုင်မှာပါ...


(၆)

ဆရာက မေးပါတယ်..."အဖြူမဟုတ်ရင် ဘာလည်းကွ"

အဖြူမဟုတ်ရင် အမည်းပေါ့ ဟု ကျောင်းသားက ပြန်ဖြေပါတယ်...

တစ်ကယ်က "အဖြူမဟုတ်ရင် မဖြူတာတာတွေ အားလုံး ဖြစ်နိုင်တာလေ"

ကျနော်တို.လည်း လူ.လောကထဲက ပြသနာရပ် တော်တော်များများမှာ

အဲဒီကျောင်းသားလေးလိုမျိုး ဖြစ်နိုင်ချေ (Propability) များစွာကို မစဉ်းစားပဲ၊

ဆန်.ကျင်ဘက်အမြင် (Opposite View) တွေကိုသာ ရုတ်တရက် စဉ်းစားမိတတ်ကြပါတယ်...

ဥပမာ ကိုယ်သိထားတဲ့ အမှန်တရားတစ်ခုနဲ. အခြားလူ ပေးလာတဲ့ အဖြေတစ်ခုနဲ. ကိုက်ညီမှု မရှိတဲ့ အခါမျိုးမှာ

တစ်ဘက်သူ မှားနေတယ်ဆိုပြီး ရုတ်တရက် ကောက်ချက်ချမိတတ်ပါတယ်...

ကိစ္စရပ်တိုင်းမှာ ဖြစ်နိုင်ခြေတွေ တစ်ခုထက်ပိုပြီး ရှိနိုင်တယ်ဆိုတာ၊ စဉ်းစားပုံ စဉ်းစားနည်း (The Way Of Thinking)

အပေါ်မူတည်ပြီး အဖြေ ဒါမှမဟုတ် ရလဒ်တွေဟာ တစ်နည်းတစ်ဖုံ ပြောင်းလဲသွားနိုင်တယ်ဆိုတာတွေကို

နားလည်ထားရပါမယ်...ဒါမှ ငါမှန်တယ်၊ မင်းမှားတယ် ဆိုတဲ့ အမြင်တွေက လွတ်မြောက်ပြီး

ငါလည်းမှန်တယ်၊ မင်းလည်းမှန်တယ် ဒါပေမယ့် ဘယ်သူ.ရဲ့ လမ်းကြောင်းက

ပိုပြီးအားကောင်းတယ်ဆိုတဲ့ အမြင်မျိုးကို မြင်နိုင်စွမ်းရှိမှာပါ...

ပြသနာဆိုတဲ့ စကားလုံးနဲ.တတ်နိုင်သမျှ ကင်းဝေးနိုင်ဖို.၊ နောင်တတွေ ခဏခဏ မရဖို.၊

အနည်းဆုံး လောကထဲမှာ ပြုံးပြုံးကလေး နေနိုင်ဖို.သိမိသမျှ၊ ဖတ်မိသမျှ၊ (၀ိုင်းလေး(ucsy) ၏ အတွေးအမြင် မှ ကူးယူ) ပေးဝေလိုက်ရပါသည်...




Read More...

Wednesday, 22 October 2008

Zawgyi-One for Browser

Zawgyi-One for firefox Browser

Firefox ကိုဖွင့်....
Tool-> Content ကို ၀င်လိုက်ပါ..
Font And Colour တွင် Advanced ကိုဝင်ပါ...
Font တွေကို Zawgyi-one လို့ပြောင်းလိုက်ပါ...
Font Size ကိုလည်း သင့်တော်ရာပြင်လိုက်ပါ....
UTF-8 ကိုသုံးပါ...
ပြီးရင် OK ပေါ့...




Zawgyi-One for IE Browser


Internet explorer မှာဇော်ဂျီ သုံးချင်ရင်
အရင်ဆုံး notepad ကိုဖွင့်ပါ...

body
{
font-family:Zawgyi-one;
}
input, select , textarea
{
font-family:Zawgyi-one;
}

ဆိုပြီးရိုက်လိုက်ပါ.... ပြီးရင် C:\ie.css နဲ့သိမ်းလိုက်ပေါ့....
ပြီးတော့ IE ကိုဖွင့်...
Tool -> Folder option -> Accessibility ကို နှိပ်ပါ...
Ignore Font Style specified on web pages ကို check လုပ်ပါ...
Format documents using my style sheet ကို check လုပ်ပါ..
Browse လုပ်လိုက်ပါ...
C:\ie.css ကိုရွေးလိုက်ပါ...
ပြီးရင် OK လုပ်လိုက်ပါ... OK ထပ်လုပ်ပါ..
မြန်မာလို... IE တစ်ခုလုံး Zawgyi font ဖြစ်သွားမယ်

"http://linsanle.blogspot.com မှ ကူးယူဖေါ်ပြ လိုက်ပါတယ်"

Read More...

Tuesday, 21 October 2008

သင့် EMAIL အဟက်မခံရအောင် ရှောင်ရန် ဆောင်ရန်လေးတွေ

“Black Hacking ပပျောက်ရေး Email ပို့ကာဆောင်ရွက်ပေး…..”


သင့် EMAIL အဟက်မခံရအောင် ရှောင်ရန် ဆောင်ရန်လေးတွေ

Email အဟက်ခံရတယ်ဆိုတာဟာ များသောအားဖြင့် ဟောဒီအချက်တွေကြောင့်ပဲ ဖြစ်နိုင်ပါတယ်။

၁။ social engineering ဆိုတဲ့ အယုံသွင်းပြီး password ကိုယူသွားတာ
၂။ cookies အခိုးခံရတာ
၃။ key logger လိုဟာမျိုးနဲ့ ကိုယ်ရိုက်ထားသမျှတွေထဲကနေ password ကိုသိသွားတာ

ကျွန်တော် သိသလောက်ကတော့ ကျွန်တော်တို့ဆီမှာ ကြုံကြရတာဟာ အမှတ်(၁) အမျိုးအစားကများပါတယ်။Gmail team ကလိုလို၊ တခြား ယုံကြည်ရတဲ့ Site တစ်ခုခုက လိုလိုနဲ့စာတွေပို့ပြီး အယုံသွင်းတတ်ကြပါတယ်။ များသောအားဖြင့် အင်္ဂလိပ်စာကျွမ်းကျင်တဲ့သူတွေ ပိုပြီးခံရကြပါတယ်။ ပြီးတော့ လူ့လောဘကို အသာလေးဆွပေးလိုက်တဲ့ စာမျိုးတွေလည်း လာတတ်ပါသေးတယ်။
တစ်ခြားသူတစ်ယောက်ယောက်ရဲ့ password ကိုသိချင်ရင် သူပို့လိုက်တဲ့ အထူးပရိုဂရမ်ကိုသုံးကြည့်ဖို့ပေါ့လေ။
လူတိုင်းဟာ သူများရဲ့ အတွင်းရေးကို သိချင်ကြသူတွေချည်းပဲမဟုတ်လား။ အဲဒီအချိန်မှာ သတိလွတ်သွားပြီး သူတောင်းတဲ့အတိုင်း ကိုယ့် password ကို ပေးလိုက်မိပါတယ်။ ပြီးရင် တစ်ဖက်က စာပြန်လာတတ်ပါတယ်။
မင်းသိချင်တာအတွက် အလုပ်လုပ်နေဆဲမို့လို့ ခဏစောင့်ပါ ဘာညာပေါ့လေ။
အဲဒါကတော့ auto responder လုပ်ထားလို့ ပြန်ရောက်လာတဲ့စာပါပဲ။ ကိုယ့်မေး(လ်) နဲ့ password ကတော့ သူ့ဆီရောက်သွားပါပြီ။ ကြုံဖူးရင်ကြုံဖူးကြမှာပါ။ ဒီတော့ကာ အဲဒီလို စာမျိုးတွေကို ဘယ်တော့မှ မယုံပါနဲ့။
ဒီလိုလုပ်လို့ သူများ password ကို ဘယ်လိုမှ မသိရနိုင်ပါဘူး။ တစ်ဖက်က mail server ထောင်ထားတဲ့သူတွေကလဲ သူငယ်နှပ်စားလေးတွေမှ မဟုတ်တာ။ သူတို့ဒီလောက်တောင် အ, ရင် ကုန်သွားတာကြာပြီပေါ့။

အမှတ်(၂) အမျိုးအစားကတော့ ခင်ဗျားတို့လောလောဆယ် အီးမေး(လ်)ကဲ့သို့သော login name နဲ့ password သုံးရတဲ့
ဆိုက်မျိုးတစ်ခုခုကို ၀င်နေချိန်မှာ အဲဒီ အချက်အလက်တွေကို ခင်ဗျားတို့ရဲ့ browser က ယာယီဖိုင်ကလေးတွေဖြစ်တဲ့ cookies လေးတွေအဖြစ်
စက်ထဲမှာ သိမ်းထားပါတယ်။ အဲဒါမျိုးကို တစ်ဖက်ဆာဗာကနေ java code, php code လို script လေးသုံးပြီး ယူလိုက်လို့ရပါတယ်။
ပြီးရင် သူ့ဆာဗာတစ်နေရာမှာ သိမ်းထားလိုက်မှာပေါ့လေ။ နောက်တော့မှ အဲဒီ cookies တွေကို သူ့ browser ထဲကို import လုပ်လိုက်ရင်
ခုနက ခင်ဗျား login ၀င်ထားတဲ့ အနေအထားမျိုးပြန်ဖြစ်သွားပြီး ခင်ဗျားရဲ့ မေး(လ်)ထဲကိုရောက်သွားပါလိမ့်မယ်။

အဲဒီလို cookies ခိုးတာဟာ server side script ရော client side script ရော နှစ်မျိုးစလုံးနဲ့ လုပ်လို့ရပါတယ်။
Firefox plug-in တွေဖြစ်တဲ့ grease monkey တို့ chicken foot တို့လိုဟာမျိုးတင်ထားပြီး၊ java script ထည့်ထားရင် အဲဒီ ပရိုဂရမ်ဟာ
background process အဖြစ်နဲ့ ခင်ဗျားရဲ့ cookie တွေကို အချိန်တိုင်း သူ့ဆာဗာဆီကို လှမ်းပို့နေပါလိမ့်မယ်။
အဲဒါမျိုးကို antivirus တွေမသိနိုင်ပါဘူး။
ဒီတော့ကာ ဆိုင်မှာသုံးတဲ့အခါ ကိုယ်သုံးမဲ့ Firefox က add-on နေရာမှာ ဘာတွေရှိနေသလဲဆိုတာအရင်ကြည့်ကြည့်ပါ။
grease monkey တို့ chicken foot တို့တွေ့ရင် uninstall လုပ်လိုက်ပါ။
ပြီးတော့က WOT Web of Trust ဆိုတဲ့ Firefox plug-in တစ်ခုကိုတင်ထားစေချင်ပါတယ်။ သူက စိတ်ချရတဲ့ Site အဆင့်အတန်းကို
ဝါ စိမ်း နီ အရောင်နဲ့ပြပါတယ်။ အနီရောင်ဆိုရင် ၀င်မကြည့်သင့်ပါဘူး။ များသောအားဖြင့် crack.ms တို့လို password တွေ
serial တွေပေးတဲ့ Site တွေ နဲ့ porn site တွေဟာ စိတ်မချရပါဘူး။
နောက်ပြီးတော့ Beef ဆိုတဲ့ browser exploitation framework တစ်ခုရှိပါသေးတယ်။
ဟောဒီ link ကနေ သွားကြည့်ကြပါ။ http://www.bindshell.net/tools/beef
အဲဒီဟာကတော့ server side application တစ်ခုဖြစ်ပြီး ကိုယ်ဆာဗာပေါ်မှာ အဲဒါကိုတင်ထားပြီး သူလုပ်ခိုင်းတဲ့အတိုင်း configuration လုပ်ထားရင်၊ admin panel ကနေ ကိုယ့်ဆီလာကြည့်သမျှစက်တွေထဲကို လုပ်ချင်တာလုပ်လို့ရနေတဲ့ သဘောရှိပါတယ်။ XSS proxy ပုံစံမျိုးပါပဲ။ XSS နားလည်တဲ့သူတွေကတော့ သဘောပေါက်ကောင်းပေါက်နိုင်ပါတယ်။
ဒေါင်းပြီး ကိုယ့်စက်ထဲမှာ စမ်းကြည့်လို့လဲရပါတယ်။ တကယ်ဖြစ်ပါတယ်။ ကျွန်တော်စမ်းပြီးသားပါ။
အဲဒီလိုဟာမျိုးတွေကိုလဲ ကြောက်ရပါတယ်။

အမှတ်(၃) အမျိုးအစားဖြစ်တဲ့ key logger ဆိုတာကတော့ ကီးဘုတ်က ရိုက်သမျှတွေအကုန်လုံးကို စက်ထဲမှာ
ဖိုင်လေးတွေဖွင့်ပြီး သိမ်းထားတဲ့ဟာမျိုးပါပဲ။ ဒီတော့ကာ ခင်ဗျားရိုက်သမျှကိုသိရပြီပေါ့ဗျာ။
ဒါကတော့ task manager ကနေကြည့်ရင် ဘာ run နေလဲဆိုတာသိနိုင်ပါတယ်။
စိတ်မချရတဲ့ဆိုက်ဆိုရင် မသွားနဲ့ပေါ့။ ပြီးတော့ user name တို့ password တွေရိုက်တဲ့အခါမှာ အမှားတွေရောပြီးရိုက်လိုက်
back space နဲ့ ပြန်ဖျက်လိုက်၊ ထပ်ရိုက်လိုက် ... အဲဒါမျိုးရိုက်ထည့်ပါ။ အဲဒါဆိုရင် key logger က log file ကိုကြည့်တဲ့အခါ တော်တော် ခေါင်းစားပြီး password အမှန်ကို သိအောင် တော်ကြိုးစားရပါလိမ့်မယ်။
များသောအားဖြင့်ကတော့ key logger တွေကို antivirus တွေက လက်မခံပါဘူး။

ဒီတော့ကာ အခုပြောခဲ့သမျှတွေကို သေချာနားလည်အောင်ဖတ်ပြီး ကာကွယ်ကြပါတော့။
အကောင်းဆုံးကတော့ password ကို မကြာမကြာပြောင်းပေးဖို့ပါပဲ။ တစ်ချို့ကလဲ
password မှန်သမျှကို တစ်မျိုးထဲ ထားတတ်ကြပါတယ်။ ဒါလဲ မလုပ်သင့်ပါဘူး။
ပြီးတော့ security question တွေကို လေးလေးနက်နက်သဘောထားပြီး ခန့်မှန်းလို့ခက်မဲ့အဖြေမျိုးတွေကိုပဲ
ဖြေကြစေချင်ပါတယ်။ ပြီးတော့ကာ secondary mail ကို သူများမေး(လ်) မထားကြပါနဲ့။
သူများကိုလဲ မေး(လ်)မလုပ်ခိုင်းပါနဲ့။ ခုခေတ်မှာ ရည်းစားနဲ့ မေး(လ်)ချင်း ဖလှယ်တာတွေကို အမြဲတွေ့နေရပါတယ်။
တကယ်တမ်းကတော့ အပြန်အလှန် လျှို့ဝှက်ချက်မရှိကြောင်း သက်သေထူချင်တာပါပဲ။ ချစ်ဆိပ်တက်နေတုန်းမှာ ဘာမှ မဖြစ်ပေမယ့်၊
ရန်ဖြစ်ကြပြီဆိုရင် တစ်ဖက်လူက ကိုယ့်မေး(လ်)က ဟာတွေ အကုန်ရသွားပါလိမ့်မယ်။ ဒါမျိုးနဲ့ အရှက်တကွဲအကျိုးနည်းရတာတွေကြားဖူးပါတယ်။



hacker ရဲ့ skills မှာ ပေါင်းသင်းဆက်ဆံရေးကောင်းတာလည်းတခု အပါအဝင်လို့ပြောချင်ပါတယ်
ကိုယ် hack ချင်တဲ့လူနဲ့ခင်အောင်ပေါင်းပြီးသူ့ရဲ့ Security Question ကို Guess လုပ်တာပါ Exp... Birthday, mother middle name ... etc....

Site, Company တခုကို hack တော့မယ်ဆိုရင်အဲ့ဒီ company မှာလုပ်နေတဲ့လူနဲ့ တဲ့အောင်ပေါင်းပြီး information တွေကိုရအောင်ယူကြရတယ်။ exp... Hardware, Software, network topology, server OS, etc....... That's social engineering.




အပျော်သုံးဖို့နဲ့ အလုပ်လုပ်ဖို့ စသဖြင့် မေး(လ်)တွေ အမျိုးမျိုးခွဲထားပါ။

မြန်မာပြည်မှာ password အခိုးခံရတာဆိုတာတော့ အများအားဖြင့် သုံးစွဲသူတွေရဲ့ security အသိပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် များပါတယ်.. g-mail ကို server ထိ လိုက် hack ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ပါ။
1) g-talk, gmail သေချာ sign out လုပ်ပါ။ login ၀င်လျှင် remember password ကို check မပေးပါနဲ့။ never for this site သာချပါ။history, cookies တို့ကို clear လုပ်ခဲ့ပါ။
2) g-lite တွေကို ဖြစ်နိုင်ရင် မ၀င်ပါနဲ့ ။ php နည်းနည်းလေးသိတာ လောက်နဲ့တင် အလွယ်တကူ ခိုးယူလို့ရပါတယ်။
3) g-mail, yahoo, hotmail အစရှိသော mail တို့ရဲ့ password တောင်းရာ site တွေကို လုံးဝ password မပေးပါနဲ့။ ဥပမာ (friendster, multiply, zorpia, hi5 etc.,) ကိုယ့်သူငယ်ချင်းတွေဆီ spam မေးတွေရောက်သလို။ ကိုယ့် အကောင့်နဲ့ သူချယ်လှယ်ချင်တာ ချယ်လှယ်တာ ခံရပါလိမ့်မယ်။
4) ကိုယ့်သုံးတဲ့ စက်မှာ golden eye, key logger အစရှိသော user အား trace လိုက်ရာ program များ run ခြင်းရှိမရှိ စစ်ကြည့်ပါ။ မသကာၤပါက end process သာ ကစ္ပစ္ပါ။ restart မှတပါး ဘာမှ ပြဿနာ မရှိနိုင်၊ မဖြစ်နိုင်ပါ။

Cyber Café မှ သုံးသူများ အတွက် (သို့) သူများ PC မှာ သုံးမယ်ဆိုရင်။

တော်တော်များများက Gmail password hack မယ်ဆိုတာနဲ့ အရမ်းကို စိတ်ဝင်စားကြတယ်ဗျ။ ဘာလို့သူများ password ကို သိချင်ကြမှန်း မသိဘူး။ ဘာမှ ကောင်းကျိုး မရှိဘူး။


တချို့ Forum တွေ Blog တွေမှာ ရေးကြတာကတော့ connection ကျအောင်အရင်လုပ် gtalk က password တွေ •••• အဖြစ်ပေါ်လာရင် သူတို့ပြောတဲ့ Software နဲ့ ကြည့်ပေါ့ဗျာ။ အင်း ...
အဲဒီထက်ကောင်းတဲ့နည်းရှိတယ်ဗျ ... see password လို့ ခေါ်တယ်။ ဒီ software လေးမှာ မှန်လိုပုံစံလေးပါတယ်။ password နေရာမှာ မှန်ဘီလူး လိုကြည့်လိုက်ရင်ပေါ်ပြီပဲ။ portable လည်းရှိပါတယ်။

အဲဒါထက်ဆိုးတာ တစ်ခုရှိတယ်ဗျ။ ဒီလိုဗျာ .. keylogger လို့ခေါ်တယ် .. window စတက် ကတည်းက စအလုပ်လုပ်တယ်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေတယ်။ tray icon လည်း မပေါ်ဘူး။ ဒါကြောင့် ရှိမရိလညှ်း မသိရတော့ဘူးပေါ့ဗျာ။ သူက ခင်ဗျား keyboard မှာ ရေးလိုက်သမျှ၊ mouse နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ မှတ်ထားပေးတယ်ဗျ။ အဲဒါဆို ဘာတွေ ပါသွားမလဲ တွေးကြည့်လေ။ ပထမဆုံး gtalk sign in ၀င်မယ်ဗျာ။ သွားပြီ user name ရော ၊ password ရော။ နောက်ပြီးရင် ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ်ကြားတွေပြောမယ်၊ ဒါမှမဟုတ် လုပ်ငန်းပိုင်းတွေပြောမယ်။ တချို့တွေ credit card နံပါတ်တွေ ရိုက်မယ် အကုန်ကျန်ခဲ့တာဗျ။ ဘယ်လောက် ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့။ အထူးသဖြင့် Cyber ကနေ သုံးရတဲ့လူတွေ တွေးသာကြည့်ပါတော့ဗျာ ... (All in 1 key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါ မှတ်ပေးထားနိုင်တယ်၊ သတိထားနော်.. မင်းသား/မင်းသမီးတွေလို ဖြစ်သွားမယ် ။ )

အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျွန်တော် ပြောပြပါ့မယ်။ ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့ အသိပေးပြောပြလိုက်ပေါ့ဗျာ။ တကယ်ကျန်ခဲ့တယ်ဆိုတာ အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား .. Software ရှာပြီး စမ်းကြည့်ပေါ့ဗျာ။
ကဲ ကြာပါတယ် .. ကိုယ်ရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင် .. ။ Ctrl+Shift+Esc (or) Ctrl+Atl+Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ဗျာ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန်သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ key logger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲ အိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ...ဘာလို့ဆို ရိုးရိုး user တွေအနေနဲ့က ဘယ်လို file က အချက်အလက်တွေကို ရီကော့လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်း ဘေးရှင်းအားလုံးကို end process လုပ်ပြီး ကိုယ်သုံးတဲ့ Application ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးပါပဲ။



အဲ့ဒီ Software က media server ဆိုတဲ့ အရေခြုံထားတာပါ။ internal name ကတော့ KeyLogger.exe ပါ။
Data Doctor Key Logger လို့လဲခေါ်ကြပါသေးတယ်။
OS ကိုလိုက်ပြီး သိမ်းတဲ့နေရာကွဲသွားပါတယ်။
C:\Windows\System for Windows 95/98/ME
C:\Winnt\System32 for Windows NT/2000
C:\Windows\System32 for Windows XP and Vista
အဲဒီနေရာတွေမှာ ရှာကြည့်ပါ။ ပြီးရင်
Registry ထဲက Run, RunOnce, RunServices ဒါမှမဟုတ် RunServicesOnce နေရာတွေမှာရှာပြီးဖျက်ပစ်ပါ။
အောက်မှာပြထားတဲ့ နေရာတွေနဲ့ file တွေတွေ့ရင် delete လုပ်ပစ်ပါ။ safe mode နဲ့ လုပ်ပါ။
%ProgramFiles%\KeyLog\Key.exe
%ProgramFiles%\KeyLog\Uninstall.exe
%ProgramFiles%\KeyLog\msdts.exe
%UserProfile%\Desktop\Key.exe

ဒါက DLL file တွေကို ကစ်ဖို့ ..
%ProgramFiles%\KeyLog\Registration.dll
%ProgramFiles%\KeyLog\Support.dll
%System%\Urncb.dll
%System%\Urncbc.dll

ဒါကတော့ registry မှာ ရှာဖို့၊ တွေ့ရင်ဖျက်...။
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Uninstall\Data Doctor KeyLogger (Trial) 2.0.1.5

အဲ့ဒီ Software ဟာ default home page ကိုလဲ change သွားတတ်ပါသေးတယ်။



ကျွန်တော်ကိုယ်တိုင်လည်း ဒီနည်းနဲ့ Hack ခံခဲ့ရဖူးပါတယ်။



================================================== ==

တကယ်တော့ Gmail password ပဲ hack ခံရမှာကြောက်နေတာလား
အခြားဟာတွေကော hack ခံရမှာမကြောက်ကျဘူးလား
ဘယ် web site ကိုပဲဖွင့်ဖွင့် Gmail, friendster, zopia, hi5,WAYN အဲဒါတွေဖွင့်တယ် VZO သုံးတယ် ပြီးတော့အမူမဲ့အမှတ်မဲ့ပြန်သွားကြတယ်လေ
အဲဒီမှာနောက်လူကလာတော့တွေ့ရော သူများအကြောင်းကိုယ့်အကြောင်းစပ်စုချင်တဲ့သူက၀င်မှာပဲလေ
အဲဒီအခါကျတော့ hack သလိုဖြစ်သွားတာပေါ့နော် တကယ့် hacker ကြီးတော့မတွေ့ဘူးသေးဘူး
ရှိလဲ ဒီလို Gmail လောက်ကိုလိုက် မhack ဘူးထင်တာပဲလေ
အကောင်းဆုံးကတော့ ကိုယ်သုံးပြီးရင်သေချာ log out လုပ်ခဲ့လားဆိုတာကိုပြန်စစ်ပေါ့… VZO ကတော့အများဆုံးကျန်တတ်တယ်
သတိတော့ထားပေါ့နော်
Gmail ကတော့ ဒီတိုင်းပိတ်လိုက်ပြီးပြန်ဖွင့်ရင်တောင် username and password တောင်းပါတယ် လွယ်လွယ်လေးနဲ့ hack လို့်မရပါဘူး
ကိုယ့်အကောင့်ကို ကိုယ်သေချာ logout လုပ်ခဲ့ပါ
အပေါ်ကပြောသလို key logger လိုဟာတွေရှိမရှိစစ်ပေါ့နော်
ရှိရင်လဲ ပိတ်ထားလိုက်ပေါ့
မပိတ်တတ်ရင် ဆိုင်ရှင်ကို ပိတ်ပေးဖို့ပြောလိုက်ပေါ့ဗျာ
အဲဒါပိုကောင်းပါမယ်


Hacking လုပ်စရာ Gmail တခုထဲရှိတာမဟုတ်ဘူးဆိုတာကိုလည်း မမေ့ပါနဲ့
ပြီးတော့ မြန်မာပြည်က Gmail တော်တော်များများဟာ personal များပါတယ်
အဲဒီမေးလ်တွေကို့ hacker တွေက မhack လောက်ပါဘူး
ဒီလိုပဲသာမာန် user ထဲကနည်းနည်းပိုတတ်တဲ့သူက ကလိတာဖြစ်မှာပါ
ကိုယ့်အကောင့်ကိုသိသွားတာ မခံချင်စရာပေါ့နော်
သုံးပြီး ပြန်ကြည့် သတိရှိရင် မခံရနိုင်ပါဘူး





================================================== ==



နောက်တစ်ခုကတော့ ကျွန်တော်ရဲ့ Close Friend တစ်ယောက်အကြောင်းပါ၊ သူက စလုံး မှာကျောင်းတက်နေတာ သူရဲ့ Gmail ကို Hack လုပ်ခံလိုက်ရတာပါ။ သူကတော့ သူ့ laptop ကို သူတစ်ယောက်ပဲသုံးတာပါ။


တနေ့ သူ Gtalk မှာ hacker လိုပြောတဲ့ သူ တစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ကျွန်တော့်သူငယ်ချင်း က မင်း hacker ဆိုရင် ငါ့ Gmail ကို ရအောင် hack ဆိုပြီး ပြောလိုက်တယ်။ hacker ကပြောတယ် 24 hr အတွင်း hack ပြမယ်လို့ပြောတယ်။ နောက်နေ့ မနက်မှာ hacker ရဲ့ Gtalk's status မှာကျွန်တော့် သူငယ်ချင်းရဲ့ password ကိုတင်ထားတာ တွေ့တော့ ကျွန်တော့သူငယ်ချင်း shock ဖြစ်သွားပါတယ်။ ကျွန်တော် သူငယ်ချင်း က hacker ကိုပြောလိုက်တယ် မင်းမှာ Gmail ကို hack တဲ့ tools ရှိလိုမင်း hack လုပ်လို့ရတာ။ ဒါက ကလေးတောင် လုပ်နိုင်တယ်လို့ ပြောပြီး သူ့ကျောင်း email ကိုပေးပြီး hack လုပ်ဖို့ ထပ်ပြောလိုက်တယ်။ အရင်အတိုင်းပါပဲ နောက်တစ်နေ့ မနက်မှာ hacker ရဲ့ Gtalk's status မှာ ကျွန်တော့်သူငယ်ချင်းရဲ့ password ထပ်ပြီး တင်ထားလိုက်ပြန်တယ်။


အဲဒီမှာတင် ကျွန်တော့်သူငယ်ချင်းလည်း hacker ဆိုတဲ့ ကောင်ကို ငါရှုံးတယ်။ မင်း hacker ဆိုတာ အသိအမှတ်ပြုတယ်။ မင်းရဲ့ hack လုပ်တဲ့ နည်းငါ့ကို သင်ပေးပါလို့ ပြောလိုက်တယ်။ hacker ကကျွန်တော် သူငယ်ချင်းကို Block လုပ်ပစ်လိုက်ပါတယ်။ ကျွန်တော့ သူငယ်ချင်းက တခြား account တွေ လုပ်ပြီး invite လုပ်ပေမယ့် ဘယ်လိုမှလုပ်လို့ မရတော့ပါဘူး။ အဲဒါ လွန်ခဲ့တဲ့ ၂ နှစ် လောက်က ဖြစ်ခဲ့တာပါ။ ခုတော့ ကျွန်တော်တို့ hacker ရဲ့ Gmail account ကို မေ့သွားကြပါပြီ။ hacker ကလည်း ကျွန်တော့်သူငယ်ချင်းကို ဘာဒုက္ခမှ မပေးခဲ့ပါဘူး။ ကြည့်ရတာ White Hacker ဖြစ်မယ့်ပုံပါပဲ။

ခု cyber cafe တွေမှာ hack ခံရတာ ဒီလို hacker မျိုးတွေရဲ့ လက်ချက်တော့ မဟုတ်နိုင်ပါဘူး။ key logger သုံးနေတာ ပဲဖြစ်မယ်ထင်ပါတယ်။



================================================== ==



ဒါဟာ wifi သုံးတဲ့သူတွေ ခံရတတ်တဲ့ နည်းပဲလို့ တွေးမိပါတယ်။ packet sniffer ဆိုတဲ့ tools တွေရှိပါတယ်။ windows အတွက်နာမည်ကျော်ကတော့ Cain and able ဆိုတာပါပဲ။ Linux ရော Windows မှာပါသုံးနိုင်တာကတော့ wire shark ပါ။ အဲဒီ tools တွေနဲ့ တစ်ဖက်လူ သုံးနေတဲ့ TCP packet တွေကို ကြည့်နိုင်ပါတယ်။ wifi သုံးတဲ့သူဆိုရင်တော့ လေထဲကတင် အနံ့ခံပြီးရှာနိုင်တာပါပဲ။
အဲဒီအခါ ခုနက ကျွန်တော်ပြောခဲ့တဲ့ cookies တွေကို ရသွားပါလိမ့်မယ်။
Gtalk ကိုဝင်နေဆဲ cookies ရသွားပြီဆိုရင်တော့ အဲဒါကို import ပြန်လုပ်လိုက်ရုံပဲရှိပါတော့တယ်။ ဒီလိုလုပ်လိုက်တာဖြစ်မှာပါပဲ။



================================================== ==



ဒီနေရာမှာ အများ သတိမထားမိတဲ့ အချက်လေးတစ်ခု ကျွန်တော်ပြောပြချင်ပါတယ်။
Password security အကြောင်းလေးပါ။

Internet ကိုစတင်အသုံးပြုသူတွေဟာ Website အသစ်တွေ့တိုင်း Signup လုပ်၊ သူငယ်ချင်းတွေရဲ့
Email တွေကိုပါ ဖိတ်မာန်တက ပြုပြီး signup လုပ်စေပါတယ်။

ဆိုကြပါစို့ ကျွန်တော်က မသမာတဲ့ hacker တစ်ယောက်ဆိုပါတော့။ အခုခေတ်မှာ Domain တစ်ခု
ဝယ်ပြီး forum တစ်ခု Setup လုပ်တာ လွယ်မှလွယ်။ ဒါ့ကြောင့် လူစိတ်ဝင်စားမယ့် နာမည်နဲ့
Website တစ်ခုထောင်၊ ပြီးတော့ free software တွေ၊ file download တွေပေးပြီး၊ User တွေကို
attract လုပ်ပါတယ်။ User တွေကလည်း subscribe လုပ်ကြတယ်ပေါ့။

ဒီမှာတင်စပါပြီ။ အတွေ့အကြုံနည်းတဲ့ User တွေဟာ မှတ်ရလွယ်တဲ့ password တစ်ခုတည်းကို နေရာတိုင်းမှာ သုံးပါတယ်။ Subscription တွေများတော့ အကုန်မမှတ်နိုင်တော့ဘူး၊ Gmail Account တစ်ခု Password တစ်ခုတည်းနဲ့ Site တိုင်းမှာ Subscribe လုပ်ထားတော့၊ မသမာတဲ့ Hacker ရဲ့ website မှာလည်း ဒီ Gmail နဲ့ပဲ ဒီ Password နဲ့ပဲ၊ Subscribe လုပ်မိရင်၊ မသမာတဲ့ hacker ဟာ Gmail နာမည်နဲ့ Password တွဲရက်ကိုသိသွားပါပြီ။ ( ဒီနေရာမှာ ဆရာသမားများက Encrypt လုပ်ထားရင် ဘယ်လိုမှမသိနိုင်ဘူးပြောကြပါမယ်။ Forum system တွေမှာ password ကို Plain text နဲ့ သိမ်းအောင်လုပ်ရတာမျိုးဟာ ဘာမှမခက်ပါဘူး။ အကယ်၍ Encrypt လုပ်ထားရင်တောင် Algorithm နဲ့ Salt နဲ့သိရင် Password ထဲက တချို့စာလုံးတွေကို ဖော်ပြီး၊ အားလုံးကို မှန်းဆဖို့ဟာ မခက်တော့ပါဘူး။)

ကဲ သူကသင့်ရဲ့ Gmail နဲ့ Password ကိုသုံးပြီး သင့်ရဲ့ Gmail ကို အရင် စမ်းကြည့်မယ်။ ပြီးရင် တခြား Forum တွေ Subscription တွေကို Login ၀င်ကြည့်မယ်။ နာမည်တူ နဲ့ တခြား email တွေ ဥပမာ
…………..@gmail.com ဆိုရင် ………….@hotmail.com, ……………@yahoo.com တို့ရှိနိုင်တယ်
Password တစ်ခုတည်းကိုပဲသုံးတော့ အဲဒီ Email တွေကိုပါ စမ်းဝင်ကြည့်တော့မယ်။
ကဲ နောက်ဆက်တွဲကိုတော့ ဆက်ရှင်းပြစရာမလိုတော့ဘူးထင်ပါတယ်။

ဒီလိုဖြစ်ရတဲ့ အကြောင်းများကို စမ်းစစ်ကြည့်တော့၊
၁။ ။ တွေ့ကရာ Website မှာ Signup လုပ်တာ။
၂။ ။ password တစ်ခုတည်းကို နေရာတိုင်းမှာ သုံးတာ ကြောင့်ဆိုတာတွေ့ရပါတယ်။

အကယ်၍ မသမာတဲ့ Website မှာ Subscribe လုပ်မိရင်တောင်မှ၊ Password တစ်ခုတည်းကို
Account တိုင်းမှာ မသုံးရင်၊ ဒီလိုပြဿနာမျိုးကနေ ကာကွယ်နိုင်ပါတယ်။

နောက်ပြီး၊ အများသုံးကွန်ပျူတာမှာ (internet cafe မှာ) Login လုပ်ရင် Remember Password
option ကိုလုံးဝမရွေးထားဖို့။(ကျွန်တော်တော့ ကိုယ်ပိုင် computer မှာတောင် မလုပ်ပါဘူး။)
သံသယရှိရင်၊ Login မလုပ်ခင်၊ ဆိုင်ရှင်ကို အကြောင်းကြား မေးမြန်းဖို့။ ကိုယ့်လုံခြုံရေးကို
တက်တက်ကြွကြွသတိရှိရှိ ဖြစ်နေဖို့အရေးကြီးပါတယ်။



================================================== ==

တစ်ခုထူးဆန်းတာက မနေ့ညက ကျွန်တော့် ညီမလေးတစ်ယောက် Cyber Café တစ်ခုမှာ Gmail သုံးနေရင်းနဲ့ သူဝင်ထားတဲ့ password တွေပြန်ဖျက်လို့မရတာကြောင့် ကျွန်တော့်ဆီ လှမ်းမေးပါတယ်။ သူ့ password တင်မက သူ့ရှေ့က ၀င်သွားသူတွေရဲ့ password တွေကိုပါ
ပြန်တွေ့နေရတယ်လို့ပြောပါတယ်။ auto fill လုပ်ထားတဲ့ ပုံစံမျိုးနဲ့တွေ့နေရတာပါပဲ။ IE AutoFill ဆိုတဲ့ software လေးတစ်ခုတော့ ကြားဖူးတယ်။ သုံးတော့ မသုံးဖူးဘူး။ အဲဒါမျိုး တစ်ခုခုကို background မှာ run ထားတာဖြစ်မှာပါပဲ။ ဒါပေမယ့် ကျွန်တော့်ညီမလေးက ကွန်ပျူတာ knowledge သိပ်မရှိတော့ task manager တွေဘာတွေ မသုံးတတ် မရှာတတ်ဘူး။ history တွေ offline file တွေ cookies တွေကို delete လုပ်ခိုင်းတော့လဲ မရဘူးလို့ပြောတာပဲ။ သူ့ကိုက သေသေချာချာ မလုပ်တတ်တာဖြစ်မှာပါ။
တကယ်ကတော့ task manager ကနေရှာပြီး ပိတ်လိုက်ရင်ရမှာပါ။ ဒါပေမယ့် သူကတော့
ဒီအတိုင်း လွှတ်ပေးလိုက်ရတော့တယ်။ ကျွန်တော်ပြောတာတွေကိုလဲ သူကလိုက်မလုပ်တတ်တော့ မတတ်နိုင်ဘူးလေ။ နောက်မှ တစ်နေရာပြန်သွားပြီး password ကို ချက်ချင်ပြန်ပြောင်းရတယ်။
ဒါက ဘာသဘောနဲ့ ဒီလိုလုပ်ထားလဲဆိုတာတော့ မပြောတတ်ပါဘူး။ ဒါကြောင့် လုံခြုံစိတ်ချရတဲ့ Cyber Café ကိုသာသွားရောက် သုံးစွဲခြင်းဟာလည်း email အဟက်ခံရခြင်းကို နည်းပါးစေပါတယ်..

================================================== ==



Hacker တွေဟာ အဖြူရောင်ဖြစ်ဖြစ်၊ အမဲရောင်ဖြစ်ဖြစ်၊ ဘယ်ဖက်ကိုယိမ်းမယ်ဆိုတာ
ပိုင်းခြားထားတဲ့ စည်းမျဉ်းလေးက ပါးပါးလေးပါ။ မြန်မာပြည်မှာ ဥပဒေမရှိသေးဘူးဆိုပြီး
စမ်းချင်တိုင်းစမ်းတာမျိုးဟာ အဖြူရောင် Hacker တွေရဲ့အလေ့အထမျိုးမဟုတ်ပါဘူး။
Security Assessment လုပ်ရင်တောင်၊ Permission ကို စာချုပ်စာတမ်းနဲ့ ယူရတာမျိုးပါ။
မသမာမှုလုပ်လို့ အဖမ်းခံရတဲ့ Hacker အများစုဟာ လူငယ်လေးတွေများပါတယ်။
တကယ်ကို အဖွဲ့အစည်းနဲ့၊ ကျွမ်းကျင်မှုနဲ့ လုပ်ကြသူတွေဟာ ဘယ်တော့မှ အဖမ်းမခံရဘူး။
ငါ Hacker ကွလို့ပြောမနေဘူးဆိုတာကိုလည်း သိရှိထားသင့်ပါတယ်။

(အထက်ပါ နည်းပညာများကို MZ Forum ရဲ့ Post များမှ ပြန်လည်မှီငြမ်းထားပါသည်။)

(ယခုလိုမျိုး နည်းပညာတွေနဲ့  ၀ိုင်းဝန်းကူညီ ဆွေးနွေးပေးကြတဲ့အတွက် MZ မှ ညီအကိုမောင်နှမများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။)

Read More...